http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲ စပိန်အသင်း ဗိုလ်စွဲ

အစ္စရေး၊ ဇွန် ၁၉။
အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် စပိန်အသင်းသည် အီတလီအသင်းကို ၂-၄ ဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားရရှိသွားခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါ ၂၀၁၃ ခုနှစ်၊ အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲကို စပိန်အသင်းသည် ၄ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် အီတလီအသင်းသည် ယခုပြိုင်ပွဲတွင် အောင်မြင်မှု အမြင့်ဆုံး စံချိန်ကို ရရှိထားသော အသင်းဖြစ်ပြီး ၅ ကြိမ်တိုင် ဆုဖလား ရရှိဖူးသည်။

အဆိုပါ ပြိုင်ပွဲတွင် စပိန်အသင်း၏ ရှေ့တန်းတိုက်စစ်မှူး မိုရာတာသည် ပြိုင်ပွဲတစ်လျှောက် ၎
ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးဆု ရရှိသကဲ့သို့ စပိန်ကွင်းလယ်ကစားသမား အစ္စကိုသည်လည်း
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။

စပိန်လာလီဂါ ကလပ် မာလာဂါအသင်းတွင် ကစားနေသော ကွင်းလယ်ကစားသမား အစ္စကိုသည်
ယခုပြိုင်ပွဲတစ်လျှောက်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပ
အသင်းကြီးများဖြစ်သော မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်
စိတ်ဝင်စားလျက်ရှိနေသည်။

အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှိ ပြိုင်ပွဲကို ၁၉၇၈ ခုနှစ်ကတည်းက ၂ နှစ်တစ်ကြိမ် ပုံမှန်
ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အကြိမ် ၂၀ မြောက်
ပြိုင်ပွဲကို ချက်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com