http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခုံးကျော်တံတား တည်ဆောက်ရန် အစိုးရတွင် ဘတ်ဂျက် မလုံလောက်

Tuesday, 11 June 2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရှိသော်လည်း ယခုအချိန်တွင် တည်ဆောက်ရန် အစီအစဉ်အား ရပ်ဆိုင်းထားကြောင်း The Daily Eleven News သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြား
ခဲ့သည်။

အဆိုပါ ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထား
ရသည့် အဓိက အကြောင်းရင်းမှာ ကုန်ကျနိုင်မည့် ငွေကြေးပမာဏသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနတွင် လုံလောက်စွာ မရှိခြင်းကြောင့်ဟု မြို့တော်ဝန်ထံမှ သိရှိရသည်။

ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်
မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို
ခေတ္တရပ်ဆိုင်းထား...

အစီအစဉ် ရပ်ဆိုင်းထားရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ''တံတားတည်ဆောက်တဲ့ အခါမှာ ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်
ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အကြာကြီးတော့ မဟုတ်ဘူး။ ပြည်ထောင်စု အဆင့်က ဘတ်ဂျက်ရရင်လည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင် မြေနီကုန်းနှင့်မရမ်းကုန်းတို့၌ ခုံးကျော်တံတား တည်ဆောက်
မှု ရပ်ဆိုင်းထားသော်လည်း တရုတ်ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းမှ ကုမ္ပဏီ
တစ်ခုတို့ ပူးပေါင်းပြီး ဆာဗေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ငြိစွန်းမှုများ
ဖြစ်ပေါ်နေမှုကြောင့် မကြာခဏ ဒီဇိုင်းများ ပြန်လည်ရေးဆွဲ နေရသဖြင့် အချိန်ကြန့်ကြာ နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ
အတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်
နှစ်ဝက်ပိုင်းအထိ တည်ဆောက်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာ ပြီးစီးနေသေးကြောင်း သိရသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com