http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မလေးရှားနိုင်ငံမှ အကြမ်းဖက် တိုက်ခိုက်ခံရသူ တစ်ဦးအပါအ၀င် အလုပ်သမား ၂၅ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာစဉ်
 Monday, 17 June 2013
မလေးရှားနိုင်ငံ ဆလာရန်းဒေတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ တစ်ဦးအပါအ၀င် ဆလာရန်း ၀န်းကျင်၌ နေထိုင်သူများ ပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးသည် ဇွန် ၁၇ ရက် (ယနေ့) တွင် MAI လေကြောင်းလိုင်းဖြင့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

အဆိုပါ ၂၅ ဦးသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ အနေနဲ့ မလေးရှားမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေထဲက မြန်မာပြည် ပြန်ချင်တဲ့ လူတွေကို ဦးစားပေးအဆင့် လေးဆင့်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေ၊ ဒုတိယအဆင့် အနေနဲ့ ဒဏ်ရာရရှိခဲ့သူတွေ၊ တတိယအဆင့်အနေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ နေရာတွေက မလုံခြုံတဲ့သူတွေ၊ စတုတ္ထအဆင့်မှာ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထား ရသူတွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်" ဟု ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအောင်မျိုးစောက ပြောကြားသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ရာတွင် မေ ၃၁ ရက်က ဆလာရန်းဈေးဟောင်း အနီးရှိ NSK ကုန်တိုက်တွင် အလုပ်လုပ်ကိုင်နေပြီး အလုပ်မှအပြန်တွင် တိုက်ခံခဲ့ရသူ တစ်ဦးနှင့် ဆလာရန်း ဒေသတ၀ိုက်တွင် နေထိုင်သူ ၁၆ ဦး၊ အခြားဒေသများမှ ၈ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ထိုသူများကို မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် မလေးရှာနိုင်ငံရှိ နေရပ်ပြန်လိုသော မြန်မာအလုပ်သမားများအတွက် လေယာဉ်လက်မှတ် ၁၀၀၀ လှူဒါန်းထားသည့်အပြင် နေရပ်ပြန်လိုသူများ အဆင်ပြေစေရန်အတွက် အမှုဆောင် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ငွေလှူဒါန်းမှုများကိုပါ ပြုလုပ်လျက် ရှိပါသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com