http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖမ်းဆီးထားသည့်လိုင်စင်မဲ့ကားများကို လိုင်စင်အသစ်လုပ်ပေးမည်ဟု ဒုရဲချုပ်ပြော

ကလေး၊ ဇွန် ၂၀။
ကလေးမြို့တွင် ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို လိုင်စင်အသစ်လုပ်ပေးရန် ဆောင်ရွက်နေပါပြီဟု ဒုရဲချုပ်က ကလေးမြို့၏ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းကို ဇွန်(၁၉)ရက်နေ့ ညနေ(၆)နာရီခန့်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

“လိုင်စင်မရှိတဲ့ ကားတွေကို လိုင်စင်လုပ်ပေး သွားမယ်လို့ ဒုရဲချုပ်ကတော့ ပြောသွားပါပြီ။ လိုင်စင်လုပ်ရင် ကုန်ကျမယ့် အခွန်အခ နှုန်းထားတွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ ပြီးတော့ အခု ကလေးမြို့ကိုလာပြီး အဖမ်းအဆီး လုပ်တဲ့ ပုံစံက ရဲအမြင်နဲ့ မလုပ်ဘဲ စစ်တပ်အမြင်နဲ့ လုပ်တာ
နည်းလမ်း မှားနေတယ်။ မြို့လူထုလည်း စိတ်ခြောက်ခြားတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နှက်
တိုက်ဖျက်ရေးအတွက် လာတယ်ဆိုရင် လာတဲ့ ကိစ္စကိုပဲ ဆောင်ရွက်သင့်ပါတယ်”ဟု မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဌ ဦးသန်းထွန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်နှင့် မြို့မိမြို့ဖများ ပါဝင်သည့် မြို့နယ်အထောက်အကူပြု ကော်မတီသည် ကလေးမြို့တွင် လိုင်စင်မဲ့ကားများကို လာရောက် ဖမ်းဆီးနေခြင်းနှင့် မြို့အခြေအနေများကို ယနေ့ဇွန်(၂၀)ရက် နံနက်ပိုင်းတွင် ကလေးမြို့ လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်း၌
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲတွင်  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်
အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်မှ လာရောက်သည့် ဒုရဲချုပ် ခေါင်းဆောင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ကြိုဆို ထောက်ခံကြောင်း၊ လိုင်စင်မဲ့ ကားများနှင့် ပတ်သက်၍ သက်သာသော ဒဏ်ကြေး နှုန်းထားများ သတ်မှတ် ဖြေလျော့ပေးပြီး တရားဝင် လိုင်စင်လုပ်ပေးရန်ဟူသော အချက်သုံးချက်ကို လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အထောက်အကူပြု ကော်မတီတို့က တိုက်တွန်းကြောင်း အဆိုပြုချက်ကို ဒုတိယရဲချုပ်ထံ ဆက်လက် တင်သွင်းရန် အတည်ပြုခဲ့ကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောကြားသည်။
ကျော်သူစိုး (ကလေးမြို့)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com