http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး ကျဆင်းမှု ကိုမင်းကိုနိုင် စိုးရိမ်

မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်းထားတဲ့အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးဟာ ဝါရှင်တန်ဒီစီမြို့အခြေစိုက် RFA ရုံးချုပ်ကို မနေ့က လာရောက်လည်ပတ်စဉ် ကိုမင်းကိုနိုင်က ပြောလိုက်တာပါ။

"နောက်မျိုးဆက်အတွက်လည်း စိုးရိမ်ပူပန်တယ်၊ ဒီအမေရိကရောက်လာတဲ့အခါမှာ ကလေးတွေက စဉ်းစားပုံစဉ်းစားနည်းအမျိုးမျိုးကိုလည်း သူတို့ရတယ်၊ နောက်တစ်ခုက မတူကွဲပြားမှုတွေကို ဆွေးနွေးငြင်းခုန်တတ်တဲ့ အလေ့အထသူတို့မှာရှိပြီးသား ကျွန်တော်တို့ဆီမှာရှိတဲ့ ကလေးတွေကကျတော့ ခေတ်စနစ်ကြီးတစ်ခုက ပုံသွင်းထားတာက ကျိုးနွံမှုပဲဗျ၊ ကလေးတစ်ယောက်ကို လိမ္မာတယ်လို့ပြောရင် ကျိုးနွံတာကိုဆိုလိုတာ၊ ဒီမှာတွေ့တာကျတော့ ဒီကလေးဟာ ထက်မြတ်တယ်၊ ရဲဝင့်တယ်၊ ဖောက်ထွက်စဉ်းစားတတ်တာရှိတယ်၊ ဖြန့်ပြီးစဉ်းစားတတ်တာရှိတယ်၊ စဉ်းစားပုံ စဉ်းစားနည်းကအစ အင်မတန်ကွာနေတယ်၊ ကျွန်တော်တို့ အများကြီးပြင်ရအုံးမယ်လို့ ယူဆတယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဖို့အတွက် အရင်ခေတ်ကရှိခဲ့တဲ့ အမိန့်ပေးစေခိုင်းတဲ့ အကျင့်စရိုက်ကို ဖျောက်ဖို့လိုအပ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အင်အားကြီးနိုင်ငံတွေကြားက မြန်မာနိုင်ငံကို စစ်အင်အားတည်ဆောက်ပြီး ကာကွယ်တာထက် ကျွမ်းကျင်တဲ့သံတမန် နည်းလမ်းနဲ့ ကာကွယ်တာက အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"ဒေသတွင်းမှာ အားပြိုင်မှုရှိတယ်၊ အဲ့ကြားထဲမှာ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ဆိုတာက စစ်ရေးအင်အား လက်နက်အင်အားနဲ့ ကာကွယ်တာထက်ကို သံတမန်ဆက်ဆံရေးနဲ့ ဘယ်လိုအကျိုးရှိအောင် ဆက်ဆံနိုင်မလဲဆိုတာက အရေးကြီးတယ်"

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်လာအောင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးကို ချန်လှပ်ထားလို့မရသလို မြန်မာအပါအဝင် တိုင်းရင်းသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအခွင့်အရေး အပြည့်အဝရပြီး၊ တာဝန်ယူတတ်သူတွေဖြစ်လာဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦးလုံးက ပြောပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com