http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန္တလေးတွင် အငြိမ့်လေးဖွဲ့သာကျန်

မန္တလေး၊ ဇွန် ၉
အငြိမ့်၊ ဇာတ်သဘင်အဖွဲ့များ ထွန်းကားရာ မန္တလေးမြို့တော်တွင် ၈၈ အရေးအခင်း မတိုင်မီအထိ အငြိမ့် အဖွဲ့ပေါင်း ၄၀ ကျော်ခန့် ရှိခဲ့ရာမှ အရေးအခင်းပြီး နောက်ပိုင်းတွင် အငြိမ့်အဖွဲ့များ တဖြည်းဖြည်း လျော့နည်း လာခဲ့ပြီး ယခုလက်ရှိတွင် လေးဖွဲ့သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ သဘင် အစည်းအရုံးထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ဇာတ်၊ ဆိုင်း အပါအဝင် သဘင် အဖွဲ့အစည်းပေါင်း ၉၀ ကျော် ရှိနေရာ အငြိမ့်အဖွဲ့မှာ လေးဖွဲ့သာ ရှိကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

“၂၀၀၉ ခုနှစ်က မန္တလေးနှစ် ၁၅၀ ပြည့်ပွဲ လုပ်တုန်းကတောင် အငြိမ့်အဖွဲ့ ခြောက်ဖွဲ့၊ ခုနစ်ဖွဲ့လောက် ရှိသေးတယ်။ အခုက လေးဖွဲ့ပဲ ကျန်တော့တယ်။ ဘဘတို့ အရင်က အငြိမ့်ထောင်ခဲ့တာ၊ ခုကျတော့ အငြိမ့် အငှားနည်းလို့ ဇာတ်ကို ကူးလိုက်တာ” ဟု နန်းမြို့တော် ဇာတ်သဘင်အဖွဲ့ တည်ထောင်သူ ဦးမြမောင်က ဆိုသည်။

အငြိမ့် ပွဲများအတွက် ပွဲမိန့် တောင်းခံရာတွင် တစ်ဦးတည်း တာဝန်ခံ ရခြင်းကြောင့် နောက်ပိုင်းတွင် တာဝန်ခံလိုသူ နည်းပါးလာသည့် အတွက် ယင်းကဲ့သို့ အငြိမ့် အဖွဲ့များ နည်းပါးလာရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အငြိမ့် သိပ်ကြိုက်ခဲ့တဲ့ မန္တလေးမြို့က ဘာလို့ အငြိမ့် နည်းသွားတာလဲဆိုတော့ အဓိကက မန္တလေးမှာ မြန်မာ့ ယဉ်ကျေးမှု
ခေါင်းပါးသွားတာကြောင့်လို့ ပြောလို့ရတယ်” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆရာဆူးငှက်က ဆိုသည်။

၁၂ ရာသီပွဲတိုင်း အငြိမ့် ထည့်သွင်းလေ့ ရှိသည့် မန္တလေးမြို့တွင် ၁၉၈၁ ခုနှစ်တွင် မီး အကြီးအကျယ် လောင်ပြီးသည့်နောက် မြို့သစ်ဘက်သို့ မြို့ခံများ ပြောင်းရွှေ့ နေထိုင်လာကြသည့် အတွက် အငြိမ့် ငှားရမ်းမှု နည်းပါး လာခြင်းကြောင့် အငြိမ့်အဖွဲ့များ နည်းပါးသွားခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“မီးဘေးကြောင့် စီးပွားကပျက်၊ ပွဲ့မိန့် တောင်းပြန်ရင်လည်း အကြောင်း အမျိုးမျိုး ပြပြီး ကြန့်ကြာနေတော့ နောက်ပိုင်း ပွဲငှား နည်းသွားတယ်။ ပွဲငှား နည်းတော့ အငြိမ့်အဖွဲ့တွေလည်း နည်းသွားတယ်” ဟု ဆရာဆူးငှက်က ဆိုသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com