http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရေအားလျှပ်စစ် ထုတ်လုပ်မှုကျ၍ လျှပ်စစ်မီး ၂၄ နာရီ ပေးဝေမှု လျော့ကျဟုဆို

မန္တလေး၊ ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လလယ်ခန့်မှ စတင်ကာ လျှပ်စစ်မီး ၂၄ နာရီ စမ်းသပ်ဖြန့်ဝေ ပေးနေရာ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျ လာသဖြင့် အချို့ မြို့နယ်များတွင် လျှပ်စစ်မီး အချိန်ပိုင်း ဖြတ်တောက်မှုများ ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေအားလျှပ်စစ် ထုတ်လုပ်မှုတွင် ရေအဝင် ပြန်လည် ကျဆင်းနေသဖြင့် လုံလောက်သည့် ရေအား မရသေးသောကြောင့် ထုတ်လုပ်မှု လျော့ကျကာ လျှပ်စစ်မီး အချိန်ပိုင်း ဖြတ်တောက်ခြင်းများ ရှိကြောင်း အဆိုပါ ဌာနထံမှ ထပ်မံသိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် လျှပ်စစ်မီး ၂၄ နာရီ အပြည့်ပေးသည်ဆိုသည့် ဇွန်လ ၁၅ ရက်နေ့ခန့်ကပင် သုံးနာရီ ဝန်းကျင်ခန့် မီးပျက်ခဲ့ကြောင်း အဆိုပါ မြို့နယ်တွင် နေထိုင်သူ ဦးအောင်မျိုးက ပြောကြားသည်။

“စက်မှုဇုန်ထဲမှာဆိုရင် အရင်ကထက် နာရီတိုးပြီး မီးလာတယ်လို့ပဲ ပြောလို့ရတယ်။ မီးခဏခဏ ပျက်နေလို့”ဟု မန္တလေး စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေး စက်မှုဇုန်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသည် ဆိုသည်မှာ ရက်ပိုင်း ခန့်သာဖြစ်ပြီး လက်ရှိတွင် တစ်ရက်လျှင် ငါးနာရီခန့်သာ ရရှိနေကြောင်း မန္တလေး စက်မှုဇုန် လုပ်ငန်းရှင်များက The Voice သို့ပြောကြားသည်။

“၂၄ နာရီလို့ ပြောတယ်။ လာတာတော့ တစ်ရက် ငါးနာရီလောက်တော့ ရတယ်။ အပြည့်တော့ မဟုတ်ဘူး”ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ကျော်က ဖြည့်စွက်
ပြောကြားသည်။

မန္တလေး စက်မှုဇုန်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ရရှိသည်ဟု ဆိုသော်လည်း ဇွန်လ ၁၈ ရက် အထိသာ ရရှိပြီး ယင်းရက်နောက်ပိုင်း မရရှိတော့ကြောင်း မန္တလေး စက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းရှင်က The Voice သို့ ပြောကြားသည်။

“ဂျာနယ်တွေမှာ မန္တလေး စက်မှုဇုန် ၂၄ နာရီ လျှပ်စစ်မီး ရတယ်လို့ဆိုတော့ အများက တကယ်ရတယ် မှတ်နေပါဦးမယ်။ ကျွန်တော်တို့ဆီမှာ တစ်နေ့ နှစ်နာရီလောက်ပဲရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ မန္တလေးစက်မှုဇုန်တွင် လျှပ်စစ်မီးကို နံနက် ၇ နာရီမှ ၁၂ နာရီအထိနှင့် နေ့လယ် ၁၂ နာရီမှ ၅ နာရီအထိ နှစ်ပိုင်း ခွဲပေးကြောင်း၊ ညပိုင်းတွင် လျှပ်စစ်မီး မရရှိကြောင်း မန္တလေးမြို့ စက်မှုဇုန်ရှိ တွင်ခုံလုပ်ငန်းရှင် ဦးခင်မောင်သန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ်တွင်လည်း ညဦးပိုင်း အချိန်တွင် နာရီဝက်တစ်နာရီခန့် လျှပ်စစ်မီး ပျက်တတ်ကြောင်း အဆိုပါမြို့နယ်အတွင်း နေထိုင်သူ တစ်ဦးကပြောကြားသည်။

“မီးက ဟိုအရင်ရက်က ပုံမှန် လာနေပြီးတော့ ဒီရက်ပိုင်း နေ့ခင်းအချိန်ဆို ပျက်တတ်တယ်”ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အဓိက ရေအားလျှပ်စစ် ထုတ်လုပ်လျက် ရှိသော ရဲရွာရေအားလျှပ်စစ် စက်ရုံတွင် ရေလှောင်ဧက ကိုးသောင်းရှိရာ ယခုအခါ ရေဝင်ဧက ၁၇,၀၀၀ ရှိနေပြီး နေ့လယ်ပိုင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်တစ်လုံးသာ လည်ပတ်နိုင်သေးကြောင်း ဝန်ကြီး ဒေါက်တာမြင့်ကြူက ဇွန်လ ၁၁ ရက်နေ့က ပြောကြားထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဆည်တော်ကြီး၊ ကင်းတား၊ ပေါင်းလောင်း၊ ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံများရှိပြီး တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်း ထုတ်လုပ်မှု ရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး၏ လျှပ်စစ်မီး သုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၃၅၀ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com