ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |
“Center Point Tower ဟိုတယ်ကို Hilton Group က HR ပိုင်းကို တာဝန်ယူမှာပါ။ ဒီပရောဂျက်
ကို တာဝန်ယူပြီး တည်ဆောက်တာက ထိုင်းနိုင်ငံ L.P Holding ကုမ္ပဏီ ကပါ။ ဟိုတယ်ကို ၂၀၁၃ ခုနှစ် နှစ် ကုန်မှာ စဖွင့်မှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဟိုတယ်စီမံကိန်းကို ၁၉၉၃ ခုနှစ် နိုဝင်ဘာမှစတင်၍ L.P Holding ကုမ္ပဏီနှင့်ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဟီလ်တန်အုပ်စုသည် နိုင်ငံပေါင်း ၉၁ နိုင်ငံတွင် ဟိုတယ်ပေါင်းသုံးထောင်ကျော်ဖွင့်လှစ်ထားပြီး အခန်းပေါင်း ၆၄၂၀၀၀ ၀န်းကျင်ကို ၀န်ဆောင်မှုပေးနေသော ကုမ္ပဏီ ဖြစ်သည်။ Hiltonမှာ အမေရိကန် ပြည်ထောင်စုရှိ ၃၈ ခု မြောက်အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်။ “L.P Holding ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၇၅ သန်း အကုန်အကျခံပြီး တည်ဆောက်ထားတာပါ”ဟု အထက်ပါ ပုဂ္ဂိုလ်ကပင်ပြောသည်။ ထို့ကြောင့် ထိုင်းအခြေစိုက် L.P Holding ပိုင် ဟိုတယ်တွင် ဟီလ်တန်ဟိုတယ်အုပ်စုက ဟိုတယ်စီမံခန့်ခွဲမှုများကို ၀န်ဆောင်မှုပေးမည်ဖြစ်သည်။
Center Point Tower Hotel စီမံကိန်းသည် ဆူးလေဘုရားလမ်း၌ တည်ရှိပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်တွင် ရုံးခန်းအဆောက်အအုံအား စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဟိုတယ်အခန်း ၃၀၀ ကို ၂၀၁၃ ခုနှစ်အတွင်း ပြီးစီး အောင်ဆောင်ရွက်နေပြီး နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနမှသတင်းရရှိသည်။
7Day News Journal