http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အပျောက်ကုဆေးခန်းများ တိုင်းဒေသကြီးအစိုးရစစ်ဆေးမည်

ရန်ကုန်၊ ဇွန်-၁၇
ပြည်တွင်းမီဒီယာများတွင် ရောဂါ အပျောက်ကုသပေးသည်ဆိုပြီး ကြော်ငြာအားကောင်းကောင်းသုံး ကာ နိုင်ငံခြားသားဆရာဝန်များဖြင့် ကြော်ငြာသောရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးခန်းများကို စစ်ဆေးအရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အစိုးရအဖွဲ့ကို တင်ပြီးပြီ။ အမြန်ဆုံး ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်။ ဒီကိစ္စကြောင့် လူအများနစ်နာနေတဲ့အတွက် အမြန်ဆုံး ဆောင်ရွက်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။

ဆေးခန်းမှတ်ပုံတင်သည့် အချိန်က မြန်မာဆရာဝန်များအမည်ဖြင့် မှတ်ပုံတင်ပြီး ဆေးကုသခန်းရှေ့ တွင် မြန်မာဆရာဝန်နာမည် တပ်ထားသော်လည်းအတွင်းတွင် နိုင်ငံခြားသားဆရာဝန်က ဘာသာပြန်အကူအညီဖြင့် ကုသခြင်းများ၊ ဆေးတစ်ခွက်စာလျှင်အနည်းဆုံး ငွေကျပ် တစ်သိန်းခန့် တောင်းခံမှုများ ကြုံတွေ့နေရမှုအတွက် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးအဖွဲ့မှ ညှိနှိုင်းအကြောင်းကြားစာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယခုလအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ရောဂါအမြစ်ပြတ်ပျောက်ကင်းသည်ဆိုသည့် ကြော်ငြာအားကြောင့် ဆေးခန်းရောက်ရှိသွားပြီး ငွေကြေးသိန်းချီကုန်ကျသည့် ဆေးခန်းများအကြောင်း ရင်ဖွင့်ပြောစကားများလည်း အင်တာနက်စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အဆိုးဝါးဆုံးကတော့ အဲဒီဆေးခန်းမှာ ဘာတံဆိပ်မှမပါတဲ့ ဆေးတွေပေးတယ်။ ဆေးခြောက်လုံးပါတဲ့ တစ်ခွက်စာကို ကျပ်တစ်သိန်းပေးရတယ်။ ဆေးတစ်လစာကို ငွေရှစ်သိန်းကျမယ်လို့ပြောတယ်။ ဘာမှန်းမသိတဲ့ဆေးတွေကို ဘာဆေးပညာအထောက်အထားမှ မပါတဲ့ လူမျိုးခြားနဲ့ဆေးကုရတာ အရမ်းအန္တရာယ်ကြီးပါတယ်” ဟု အမျိုးသမီးတစ်ဦးက ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“တစ်ခါတည်းနဲ့ အမြစ်ပြတ် ကုနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကြောင့် လူတွေအသွားများကြတယ်။ အဲဒီမှာ တစ်ယောက်ကို အ နည်းဆုံးတစ်သိန်းပဲ။ မပျောက်ရင် ပြန်လာ၊ အခမဲ့လို့ပြောပေမယ့် ရောဂါဆိုးလာလို့ ထပ်မသွားတော့ဘူး။ အဲဒါနဲ့ လုပ်စားနေကြတာ။ တစ်နေရာမှာ နာမည်ပျက်ရင် နောက်တစ်နေရာကို နောက်နာမည်နဲ့ပြောင်းသွားကြရော” ဟု မြန်မာနိုင်ငံမှ ဆရာဝန်အသင်းမှ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

အော်တာနေးတစ်ဆေး ပညာအသုံးပြုသည်ဆိုခြင်းကြောင့် ပြည်တွင်းတွင်လက်ရှိ ရှိနေသည့် တိုင်းရင်းဆေး၊ အနောက်တိုင်း
ဆေးတို့နှင့် သက်ဆိုင်သည့် ဥပဒေများဖြင့် အရေးယူမှုလည်း မပြုလုပ်နိုင်သည့်အတွက် ၀န်ကြီးဌာနများက ဆောင်ရွက်မှ ရနိုင်မည်ဖြစ်ကြောင်း ယင်းဆရာဝန်က ဆက်လက်ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အကြောင်းကြားစာထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ၊ ဆေး ခန်းအချို့တွင် အမျိုးမျိုးသော ခေတ်မီတိုးတက်သည့် စက်ပစ္စည်း ကိရိယာများတပ်ဆင်ထားပါကြောင်း၊ အတွေ့အကြုံရှိသောသူများက ခေတ်မီဆေးဝါးကုသသည့် နည်းပညာအသုံးပြုကာ ရောဂါကို အမြစ်ပြတ်ကုသပေးခြင်း၊ အမြန်ပျောက်ကင်းစေသော ကုထုံးအသစ်များဖြင့် ကုသပေးနေကြောင်း ကြော်ငြာများထည့်သွင်းကာ ဆေးကုသမှုများဆောင်ရွက်ခြင်းအပေါ် စစ်ဆေးစုံစမ်းရန် ပါရှိကြောင်း သိရသည်။

ထိုဆေးခန်းများသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နှင့် ငြိစွန်းနေသည့်အတွက် စစ်ဆေးတွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားဆရာဝန်များနှင့် ဆေးကုသမှုပြုလုပ်လိုပါက မြန်မာနိုင်ငံဆေးကောင်စီသို့ နိုင်ငံခြားသားဆေး ကုသခွင့်လိုင်စင် လျှောက်ရမည်ဖြစ်ပြီး ဆေးကောင်စီမှ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဆေးကောင်စီများ သို့ ဆက်သွယ်မေးမြန်းပြီးထောက်ခံမှုနှင့် နိုင်ငံတကာတွင် ဆေးကုသခွင့်ရရှိထား သည့် နိုင်ငံခြားသားဆရာဝန်များကိုသာ ဆေးကုသရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“အချို့ဆေးခန်းတွေကလည်း နာမည်အမျိုးမျိုးနဲ့ အခွဲတွေ ဖွင့်ထားတာဆိုတော့ သံသယရှိတဲ့ ဆေးခန်းတွေအားလုံးစစ်ဆေးမှာပါ” ဟု ဒေါက်တာမြင့်သိန်းက ဆက်လက်ပြောသည်။

နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီး၊ အသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်သည့်ဆိုသည့် ကြော်ငြာများဖြင့် လူနာများအား အဓိကဆွဲဆောင်ကြခြင်းဖြစ်သည်။

ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များတွင် ငွေကြေးအမြောက်အမြားသုံးစွဲကြော်ငြာနေသည့် ဆေးခန်း အချို့လည်း ကြော်ငြာထည့်သွင်းမှု ယာယီရပ်နားထားကြောင်း သတင်းရရှိသည်။
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com