http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်

ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
06 June 2013
ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကညနမှ တာဝန်ရှိသူ တစ်ဦးက "ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းတာကို ကျပ်ငွေနဲ့ လက်ခံဖို့ လုပ်နေပါတယ်။ ရက်ပိုင်းအတွင်း လက်ခံသွားမှာပါ" ဟု အတည်ပြု ပြောကြားခဲ့သည်။

ယခင်က ယာဉ်မှတ်ပုံတင်ကြေးများ ပေးသွင်းရာ၌ အက်ဖ်အီးစီဖြင့် စတင်လက်ခံ ခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန် ဒေါ်လာဖြင့်သာ ပေးသွင်းရန် ပြောင်းလဲသတ်မှတ် ခဲ့သည်။

ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမည့်သူများ အနေဖြင့် အမေရိကန် ဒေါ်လာအား ၀ယ်ယူပေးသွင်း နေရသည့်အတွက် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်တွင် ပါဝင်သည့်အတိုင်း ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို ဖြစ်ပေါ်စေလျက် ရှိခြင်း၊ ပြည်တွင်း၌ ပေးသွင်းရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ ဖြစ်လျက်နှင့် ကျပ်ငွေအသုံးမ၀င် ဖြစ်နေခြင်း၊ ငွေလဲကောင်တာများမှ ၀ယ်ယူပေးသွင်း ရခြင်းကြောင့် ငွေလဲကောင်တာများသာ ပိုမိုအမြတ်ရ အလုပ်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

နိုင်ငံတော် သမ္မတမှ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း၊ ထို့အတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေး ၀န်ကြီးဌာနမှအပ ၀န်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက်ကို မေ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှလည်း နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်အတိုင်း ကျပ်ငွေဖြင့် ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com