http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖုန်းခေါ်ဆိုမှု နှုန်းထားမှာ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်

Monday, June 17, 2013
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံလျက်ရှိသည့် မိုဘိုင်းဖုန်း ခေါ်ဆိုခသည် များပြားလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏ ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ ဖြစ်သင့်ကြောင်း “ဆက်သွယ်ရေးက ဒါတွေကို သိပါတယ်။ သိပေမယ့် မလုပ်နိုင်ပါဘူး။

အဲ့ဒီအတွက် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး လုပ်ခိုင်းတာပါ။ သူတို့တွေကလည်း Service တွေကို အပြိုင်အဆိုင် ပေးသွားမှာပါ။ air time လို့ခေါ်တဲ့ ဖုန်းပြောဆိုခတွေကိုလည်း
ဈေးလျှော့ပေးသွားကြမှာပါ” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာအင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် နိုင်ငံတကာမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် Operator လုပ်ငန်းအား စိတ်ဝင် စားသည့် လျှောက်လွှာများ တင်ခဲ့ကြသည်။ အဆိုပါ လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ (၉၁)ခုမှ ဆန်ခါတင်ကုမ္ပဏီ (၁၂) ခုကို ရွေးချယ်ခဲ့သည်။

ဆန်ခါတင် ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၂ခုမှ Vodafoneနှင့် China Mobile ကုမ္ပဏီတို့ ပူးတွဲ လျှောက်ထားခြင်းကို အဆိုပါ ကုမ္ပဏီများက ပယ်ဖျက်ခဲ့၍ နောက်ဆုံးအဆင့် ဆန်ခါတင် အဆင့်တွင် ကုမ္ပဏီပေါင်း ၁၁ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ဆက်သွယ်ရေး Operator အဖြစ် ရွေးချယ်ခံရပါက ၂ နှစ်ခွဲအတွင်းတွင် မိုဘိုင်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်လာရန် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၂ထောင် ရင်းနှီးမြှုပ်နှံ ရမည် ဖြစ်ကြောင်း သိရသည်။
Myanmar ICT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com