မလေးရောက်
မြန်မာများရန်ကုန်ရောက်ရှိပြီးပြည်တွင်းလေယာဉ်စီးရန်လိုအပ်ပါက
အဲပုဂံလေကြောင်းလိုင်းမှ အခမဲ့စီးနင်းခွင့်ပြုမည်ဟု ၎င်းလေယာဉ်လိုင်းမှ
Marketing Manager ဒေါ်ယဉ်မျိုးက ပြောသည်။
မလေးရှိ မြန်မာများအတွင်း ကနဦး အလှူ ငွေ အဖြစ် ထူးဖောင်ဒေးရှင်းက ကန်ဒေါ်လာ ၁ သိန်းပေးအပ်လှူဒါန်းမည်ဟု ထုတ်ပြန်အပြီး နာရီပိုင်းအကြာ
တွင် အဲပုဂံမှ အကူအညီပေးမည့် အစီအစဉ်ကို ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
''မလေးကနေ ရန်ကုန်ပြန်ရောက်ပြီး နေရပ်ပြန်ဖို့ပြည်တွင်း ဘယ်ခရီးစဉ်မဆို လေကြောင်းနဲ့ အခမဲ့စီးဖို့အတွက်ပါပဲ'' ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်အတွင်း
လေယာဉ် မတော် တဆဖြစ်ပွားပြီးနောက်ပိုင်း လူမှုရေးလုပ်ငန်းများ ကို
အားထည့်လုပ်ဆောင်လာသည့် ဦးတေဇက ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ Max
ဦးဇော်ဇော်တို့၏ မလေးရှားရောက် မြန်မာများအ ပေါ်ကူညီမည်ဟု ကတိပြုအပြီး
အလှူငွေ၊ ပြည် တွင်းလေယာဉ်ခအပြင် အလုပ်အကိုင်ခန့်ထား ရေးတွင်ပါ
ထပ်မံကူညီမည်ဟု ဆက်လက်ထုတ် ပြန်ခဲ့သည်။
Air Bagan မှ Public
Relation Department တာဝန်ရှိသူတစ်ဦးက ''Air Bagan လေကြောင်းလိုင်းနဲ့
ဆက်စပ်နေတဲ့ လုပ်ငန်းများရဲ့ လစ်လပ်နေရာတွေမှာ ခန့်ထားဖို့ပါပဲ။
ပြန်လာလို့
အလုပ်အတွက် လာလျှောက်ထားရင်လစ်လပ်နေရာအလိုက် ခန့်ထားပေးပါ့မယ်'' ဟု
ပြောသည်။ MAI လေကြောင်းလိုင်းကလည်း မလေးရှားရန်ကုန်လေကြောင်းခရီးစဉ်အတွက်
နေရပ်ပြန်လိုသောမြန်မာတို့ကို လေယာဉ်ခ ၅ဝ ရာခိုင် နှုန်းလျှော့ပေးမည်ဟု
ကြေညာထားသည်။
ဝေယံ၊ မင်းသုအောင်
Popular Myanmar News Journal
နယ်အထိ လေယာဉ်စီးရန် လိုအပ်ပါက အဲပုဂံက အခမဲ့ပို့ဆောင်မည်
Labels:
ပြည်တွင်းသတင်း