ရန်ကုန်၊မတ် ၉
ဒီချုပ်နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံအားကြိုဆိုဂုဏ်ယူသည့်အနေဖြင့် ပြည်မြို့ NLD ပါတီမှ စုပေါင်းသွေးလှူဒန်းပွဲအား ယနေ့ နံနက် (၉)တွင် ပြည်မြို့နယ် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ သွေးလှူဒန်းပွဲ၌ ပါတီဝင် (၃၀၀)ခန့်မှ စုပေါင်းသွေးလှူဒန်းမှုပြုလုပ်ခဲ့ကြောင်းသိ၇သည်။
" ကွန်ရက်အသစ်မဟုတ်ပေမယ့် နောက်ပိုင်းလည်း သွေးလိုအပ်ချက်တွေကို ကူညီပေးသွားမှာပါ" ဟု ပြည်မြို့ NLD မှ ဘဏ္ဍရေးမှူး ဦးကျော်ဇေယျာကပြောသည်။
၎င်းတို့အနေဖြင့် ယနေ့တွင် သွေးပုလင်း
(၄၀) လှူဒန်းမည်ဖြစ်ပြီး ကျန်လူများအား သွေးစစ်ခြင်း၊သွေးအမျိုးအစား အလိုက်မှတ်တမ်းပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal
ပြည်မြို့ NLD ညီလာခံအကြို စုပေါင်းသွေး လှူဒါန်း
Labels:
ပြည်တွင်းသတင်း