http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လိုင်ဇာထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများလဂျားယန်စခန်းနှင့် လိုင်ဇာမြို့ ကြားရှိ မိုးလဲချောင်းတံတားသို့ ရောက်ရှိ

ရန်ကုန်-မတ်၉
ကေအိုင်အို လိုင်ဇာမြို့ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာတဲ့ ဦး သန့် ဇင်ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာဒီနေ့ မနက် ခုနှစ်နာရီခွဲမှာ ဒေါ်ဖုန်းယန်ကက်ခွာပါတယ်။ ဒီနေ့ နေ့ နေ့ လည် တစ်နာရီခွဲမှာတပ်မတော်လဂျားယန်စခန်းနဲ့ ကေအိုင်အို လိုင်ဇာမြို့ ကြားမှာ ရှိတဲ့ မိုးလဲချောင်းတံတားနေရာ ကို ရောက်ပါတယ်။
အဲဒီတံတားရဲ့ မြောက်ဘက်ခြမ်းမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ထောင် ထားတဲ့မိုင်းများရှိနေသေးတဲ့အတွက်မိမိစစ်သည်များတောင် သွားလာခြင်းမရှိသလို စစ်သည်များ မလိုအပ်ဘဲ ဖြတ်သန်းမှုများမရှိစေဖို့ အတွက် ၀ါးခြံစည်းရိုးနဲ့ တားဆီး သတိပေးတားမြစ်ထားပါတယ်။

ဒါ့ကြောင့် လဂျားယန်စခန်းက တာဝန်ရှိတဲ့ တပ်မတော်အရာရှိများက အခြေအနေကို ရှင်းပြပြီးဆက်မသွားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်များနဲ့ သံဃာတော်များကလမ်း အတိုင်းပဲ ဆက်သွားမယ်လို့ ပြောပြီး နေ့လည် တစ်နာရီ လေးဆယ့်ငါးမိနစ်မှာပထမ၀ါးခြံစည်းရိုးကို ဖယ်ရှားပြီး ဆက်လက် ထွက်ခွာ သွားပါတယ်။
အခုအချိန်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ပထမခြံစည်းရိုးနဲ့ ဒုတိယခြံစည်းရိုးကြားမှာ ရှိနေဆဲဖြစ်ပါတယ်။

ဒုတိယခြံစည်းရိုးကျော်ပြီး ဆက်သွားရင်အ န္တရာယ်ရှိတဲ့အတွက် တာဝန်ရှိသူ များက ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့လိုကြောင်းကို သမ္မတကြီးကလည်း ပြောကြားပြီးဖြစ်ကြောင်း၊ နှစ်ဘက်လုံးကလည်း လက်ခံတဲ့အတွက် အခု အချိန် မှာကချင်ပြည်နယ်အတွင်းတိုက်ခိုက်မှုများမရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ ဒုက္ခသည် များကို အကူအညီပေးဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ငြိမ်းချမ်းရေးလမ်းလျှောက်သူများရဲ့ ဆန္ဒပြည့်ဝနေပြီဖြစ်လို့ မလိုအပ်ဘဲ စွန့်စားရန်မသင့်ကြောင်း လျှောက်ထားရှင်းပြနေပါတယ်။

ကေအိုင်အို လိုင်ဇာမြို့ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်အဖွဲ့ဟာဗန်းမော်မြို့ ကတဆင့် ဗန်းမော်- မြစ်ကြီးနား ကားလမ်း ပေါ် ကဒေါ်ဖုန်းယန်ရွာကို မနေ့ မတ် ၈ ရက်နေ့ ည ကရောက်ပါတယ်။အဲဒီအဖွဲ့ မှာ သံဃာ ကိုးပါးနဲ့ အရပ်သား ၄၄ဦးပါဝင်ပါတယ်။from-Ye HtutPopular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com