http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်း အောင် ကုသနိုင်ခဲ့

အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ် တစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသ နိုင်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ကုသ နိုင်မှုသည် HIV ရော ဂါပိုး ကူးစက် ခံရ သော ကလေးငယ်များကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း
သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။

အဆိုပါ ကုသမှုသည် နည်းပညာပိုင်း ဆိုင်ရာအရ အရေးပါမှု တစ်ရပ် ဖြစ်သော်လည်း ရောဂါအရှင်း ပျောက်ကင်းနိုင်သော ကုထုံးထက် လက်တွေ့ အသုံးဝင်သော ကုထုံးတစ်ရပ် ဖြစ် ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ ယင်း ကုသမှုသည် ရောဂါပိုးကို အမြစ်ဖြတ် ချေမှုန်းနိုင်ခြင်း မဟုတ်သော်လည်း ခန္ဓာကိုယ်တွင်း ရှိနေေ သာ ရောဂါပိုးကို နည်းပါးသော အဆင့် တစ်ခုသို့ လျှော့ချ နိုင်ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် အေ အိုင် ဒီအက်စ် (AIDS) ရောဂါ အရှင်း ပျောက်ကင်းသူ "Berlin Patient" ဟု ခေါ်ဆိုခြင်း ခံရသော အမေရိကန် နိုင်ငံသား တီမိုသီဘရောင်း တစ်ဦးသာ ရှိပြီး ၎င်းသည် HIV ပိုးကို ခုခံနိုင်စွမ်း ရှိသော အလှူရှင်ထံမှ ရိုးတွင်း ခြင်ဆီများဖြင့် အစားထိုး ကုသမှု ခံယူခဲ့ရာ HIV ရောဂါနှင့် သွေးကင်ဆာ ရောဂါကို ငါးနှစ် အကြာတွင် ပျောက်ကင်းအောင် ကုသ နိုင်ခဲ့ကြောင်း သိရသည်။

ကုသမှု သစ်တွင် ကလေးငယ်အား ပုံမှန် အသုံးပြုနေကျ HIV ရောဂါပိုး ကုသရာ တွင် အသုံးပြုသော ဆေးထက် အခြားဆေးများကို တိုက်ကျွေးခဲ့ခြင်း မရှိကြောင်းနှင့် ကလေးငယ် မွေးဖွားပြီး နာရီ ၃ဝ မပြည့်မီ ဆေးတိုက်ကျွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကုသမှုသည် လက်တွေ့ကျသော ကုသမှု တစ်ရပ် ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် ပြုလုပ်သော အကြိမ် (၂ဝ )မြောက် C onferenceon Retroviruses and Opportunistic Infections(CROI) နှစ်ပတ်လည် ညီလာခံတွင် သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။ HIV ရောဂါပိုး ကူးစက် ခံရသော လူနာများကို ARV ဆေး တိုက်ကျွေးမှု ရပ်တန့် ပြီးနောက် ရက်သတ္တပတ် အနည်းငယ် အတွင်း ငုပ်လျှိုးနေသော ရောဂါပိုးများ ပြန်လည်ထကြွ လာသည်ကို တွေ့ရကြောင်း HIV ရော ဂါ ဝေဒနာရှင်များကို ၎င်းတို့ဘဝ အသက်ရှင် နေထိုင်မှု အတွက် ဆေးသောက်သုံးရန် ဆရာဝန်များက တိုက်တွန်းလျက် ရှိသည်။

HIV ရောဂါပိုးဖြင့် မွေးလာသော မွေးကင်းစ ကလေးများကို ရက်ပေါင်းများစွာ အတွင်း ARV ဆေး တိုက်ကျွေးခြင်းသည် နို့စို့အရွယ် ကလေးများကို အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကင်းစင်အောင် အကူအညီ ပေးနိုင်ပြီး ပထမ အဆင့်တွင် ငုပ်လျှိုးနေသော HIV ပိုးကို ကာကွယ် ပေးခြင်းဖြင့် ဘဝ တစ်လျှောက်လုံး ဆေးကုသမှု ခံယူခြင်း မရှိဘဲ သက်တမ်း ကြာရှည်စွာ နေထိုင်နိုင် ကြောင်း မေရီလန်းပြည်နယ် ဘာလ်တီမိုးရှိ Johns Hopkins ကလေး ကုသရေး ဌာနမှ သုတေသန ပညာရှင် ဒီဘိရက်ရှ် ပါဆက်ဒ်က ပြောကြား ခဲ့ သည်။

ဆေးကုသမှုသစ်ကို ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ရန် အလားအလာ များသော မွေးကင်းစ ကလေးများကို ရက်သတ္တ ခြောက်ပတ် အရွယ်တွင် HIV ရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးမှု ရရှိသည် အထိ ဆေးတိုက်ကျွေး ရကြောင်း သိရသည်။ ။
မြဝတီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com