http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယခုနှစ် ၂၀၁၃ အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ရနိုင်သူများထဲတွင် မြန်မာသမ္မတဦးသိန်းစိန် ပါဝင်

အော်စလို၊ မတ် ၅ ။
တာလီဘန်မျာ၏ သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကမ္ဘာကျော်ခဲ့သည့် ပညာရေးလှုပ်ရှားသူ ပါကစ္စတန်မှကျောင်းသူလေးမာလာလာ ယူဆွတ်ဇိုင်၊ ကိုလံဘီယာသမ္မတ ဟွမ်မနျူရယ် ဆန်းတို့စ်၊ မြန်မာသမ္မတ ဦးသိန်စိန်တို့သည် ယခုနှစ်အတွက်ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကြိုတင်ခန့်မှန်းစာရင်းတွင် ပါဝင်နေဖွယ်ရှိကြောင်း ရိုက်တာသတင်းက ဖေါ်ပြလိုက်သည်။

ယခုနှစ် ငြိမ်းချမ်းရေးဆုရှင်များစာရင်းတွင် ကန်သမ္မတဟောင်း ဘီလ်ကလင်တန်မှာလည်း ပါဝင်ဖွယ်ရှိသကဲ့သို့၊ ရုရှားမှ သမ္မတ ပူတင်အား လှောင်ပြောင်သီချင်းဆိုခဲ့သည့် နာမည်ကျော်မိန်းကလေးပန် ခ်ဂီတအဖွဲ့  ပူစီရီးယော့စ်အဖွဲ့ တို့လည်း ပါဝင်နေကြောင်း သတင်းက ဆိုသည်။

နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီသည် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ဆန်ကာတင်စာရင်းတွင်ဆုပေးရန် အမည်စာရင်း တင်သွင်းမှု စံချိန်တင်အရေအတွက်
ရရှိခဲ့ကြောင်းဆိုသည်။

နော်ဝေနိုဗယ်ကော်မတီ၏ ဒါရိုက်တာ ဂိုင်ယာ လွန်းဒတ်စတတ်က “ဒီဆု (ငြိမ်းချမ်ရေးဆု) ကတော့ အရေးပါမှုနဲ့ အာရုံစိုက်ခံရမှုတွေ ဆက်လက် ရရှိနေဆဲပါ။ အမည်စာရင်း တင်သွင်းထားတဲ့အထဲမှာ သမ္မတွေ၊ ဝန်ကြီးချုပ်တွေ၊ ယခင်ဆုရှင်ဟောင်းတွေ ပါနေပါတယ်။ စာရင်းထဲမှာအဟောင်းတွေနဲ့ အတူ အသစ်တွေလည်းနေပါတယ်” ဟု
ပြောကြားသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ်ရေပန်းအစားဆုံး ပါကစ္စတန်ကျောင်းသူ မာလာလာမှာ အသက် ၁၅ နှစ်သာရှိသေးသည်။ ဆု ရခဲ့ပါက သူမသည် အသက် အငယ်ဆုံးနိုဗယ်ဆုရှင် ဖြစ်လာမည်ဖြစ်သည်။

သူမ ဆုရနိုင်ခြေနှင့် ပတ်သက်၍ အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျုမှ ဒါရိုက်တာ ခရစ်စတီယန် ဘာ့ဂ်ဟပ်ဗစ်ကန်က အသက် အငယ်ဆုံးအရွယ်နဲ့ရတဲ့ နိုဗယ်ဆုရှင်တွေဟာ အသက် ၃၀ အတွင်းဖြစ်ကြတာများပါတယ်။ ၁၅ နှစ်အရွယ်ကိုပေးဖို့ကတော့ ခက်ခဲပါလိမ့်မယ်” ဟု ခန့်မှန်းပြောကြားသည်။

နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီသည် ၎င်း၏နိုဗယ်ဆုရှင်များဆန်ကာတင်စာရင်းကို မည်သည့်အခါမှ ကြိုတင်၍ ကြေငြာလေ့ မရှိ သော်လည်း ကမ္ဘာတစ်ဝန်းမှ
အဖွဲ့ အစည်းနှင့် လူပုဂ္ဂိုလ်များကမူ ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း၊ ဆုရနိုင်ခြေရှိသူများကို ခန့်မှန်းဖေါ်ပြခြင်းများ ပြုလုပ်လေ့ရှိကြသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရမည့်သူကိုလာမည့် အောက်တိုဘာ ၁၂ တွင် ကြေငြာသွားမည်ဟုသိရသည်။
The Myanma Age
Ref: Reuters

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com