http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လူမှုရေးကိစ္စကနေ ဘာသာရေး ပြဿနာအဖြစ် မဖန်တီးကြဖို့ သီတဂူဆရာတော် တိုက်တွန်း

မနေ့က မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ ရှုမြင်တဲ့အတွက် နိုင်ငံတော်ရဲ့အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိဿရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

"ဈေးအရောင်းအဝယ်ကိစ္စကို လူမှုရေးကိစ္စတွေ၊ဘာသာရေးကိစ္စတွေနဲ့ ရောပြီးတော့ အကုန်လုပ်ကြတဲ့အတွက်ကြောင့် နိုင်ငံမှာရှုပ်ထွေးတဲ့ ပြဿနာတွေ၊သူ့လမ်းကြောင်းနဲ့သူ ရှင်းရှင်းလင်းလင်း အလုပ်မလုပ်ကြတဲ့ တို့လူမျိုးတွေ၊ တို့နိုင်ငံမှာနေတဲ့ လူသားတွေအားလုံးပေါ့၊ အဲလိုအလုပ်မလုပ်တတ်ကြတာ တိုင်းပြည်အနာဂတ်မှာ စိုးရိမ်စရာတွေ ရှိတယ်"

ဒါ့အပြင် မြန်မာနိုင်ငံ အထက်ပိုင်းမြို့တွေမှာ သီတင်းသုံးတဲ့ သံဃာတော်တွေ မိတ္ထီလာမြို့ကို ကြွရောက်ဖို့ ပြင်နေကြတဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ သီတဂူဆရာတော်က အခုလို မေတ္တာရပ်ခံ ပန်ကြားပါတယ်။

"သံဃာတော် အရှင်မြတ်တို့ကလည်း ဆူပူမှုထဲပါဝင်တဲ့ ဆူပူလှုပ်ရှားသူများ မဖြစ်အောင်၊ ဆူပူမှုကိုဝိုင်းထိန်းတဲ့ ဘုရားသားတော်တွေပဲ ဖြစ်ချင်တယ်၊ ဆူပူမှုထဲပါဝင်တဲ့ ဆူပူသောင်းကျန်းသူများမဖြစ်အောင် စောင့်ဆည်းတော်မှုကြပါ"

ဆက်လက်ပြီးတော့ ပဋိပက္ခကိုဖြေရှင်းဖို့ ကြိုးစားနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့ အခုလို ပြောပါတယ်။

"လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ခြေလွန်လက်လွန်မဖြစ်ကြပဲ ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ၊ ဥပဒေထဲမှာ ပညာ၊ ကရုဏာပါလို့ရှိရင် ဒီဥပဒေမှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို အားပေးရာရောက်ပါတယ်၊ ကရုဏာ၊ ပညာကို လက်လွတ်ပြီး တစ်ခါတစ်ခါ ဒေါသလွန်ကဲလာရင် ဆူပူမှုကို ကိုယ်တိုင်အားပေးသလို ဖြစ်လာတတ်ပါတယ်"

မနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယခုအချိန်ထိ သံဃာတော်တစ်ပါးနဲ့ မြို့ခံလေးဦး သေဆုံးခဲ့ပြီး၊ မိတ္ထီလာမြို့ရဲ့ မင်္ဂလာဇေယျုံနယ်မြေနဲ့ သီရိမင်္ဂလာရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com