http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာ အရေးအခင်း စုံစမ်းရေးကော်မရှင်ဖွဲ့

မနေ့က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုမှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့မှာ ဥက္ကဌအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မျိုး၊ အဖွဲ့ဝင်တွေအဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေး၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်မြင့်နဲ့ အတွင်းရေးမှူးအဖြစ် မိထ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့ ပါဝင်ပါတယ်။

ဖြစ်စဉ်အသေးစိတ် အစီရင်ခံစာကို သီတင်းတစ်ပတ်အတွင်းမှာ ပြန်လည်တင်ပြရမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့မှာ အခုချိန်အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် မိတ္ထီလာမြို့ကနေ မိုင်တစ်ရာခန့်ဝေးတဲ့ ကျောက်ပန်းတောင်းမြို့မှာလည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ အာဏာပိုင်တွေက လုံခြုံရေးအင်အား အပြည့်ချထားတယ်လို့ ကျောက်ပန်းတောင်း NLDပါတီဝင် ဦးအေးခိုင်က ဆိုပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com