http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အင်တာနက်ကွန်နက်ရှင်ကြောင့် ၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ ရသော်လည်း သုံးမရ

မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ နော်ဝေမှလက်တွေ့ပြသော်လည်း ပြည်တွင်းအင်တာနက် ကွန်နက်ရှင်မကောင်းသဖြင့် သုံး၍မရသေးဟုမိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေက သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းလိုအပ်ပါတယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန်ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။

ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။

''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်းကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြားတစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ် တိုင်းတာသည့် စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာ သည့်စနစ်၊ မိုးရွာမရွာ မုန်တိုင်း ရှိ မရှိ သပ်သပ်စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
မိုးငယ်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com