http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မူလတန်းပညာ မပြီးဆုံးဘဲ စာသင်ခန်းကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်

မူလတန်းပညာမပြီးဆုံးဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းထွက်ခွာသွားသူ နှစ်စဉ် ၁ဝသိန်းခန့်ရှိနေ၍ နိုင်ငံတော်အဆင့်အနေဖြင့် တိုက်ရိုက်ကိုင်တွယ်သွားရန် ပညာရေးကျွမ်းကျင်သူတို့က တိုက်တွန်းမှု ပြုလုပ်လိုက်သည်။ ပညာရေး ကျွမ်းကျင်သူတို့ ၏ လေ့လာတွေ့ရှိမှုတို့အရ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း တို့၏ ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်းပညာရေး ဖြင့် ကုစားနေမှုအပြင် အရှိန်တိုးမြင့် သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသွား သင့်ကြောင်း နိုင်ငံအဆင့်ပညာ ရေးအကြံပေး ဒေါ်အေးအေးသင်း က ပြောသည်။

''တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးပြုရမယ့်သူတွေလေ။ ဒါတွေ ကို လုပ်ပေးရမယ်'' ဟု ၎င်းက ဆိုသည်။မြန်မာ့ပညာရေးအပေါ် လေ့ လာအကဲဖြတ်မှုကို ကာလတို ဆောင်ရွက်နေရာ ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စရပ်နှင့် ပတ် သက်၍ အဖွဲ့များမှ ပညာရေးဝန် ကြီးဌာနသို့ တိုက်ရိုက် အကြံပြု ထားပြီးလည်း ဖြစ်သည်ဟု ၎င်းထံ မှ သိရသည်။

မြို့နယ်ပေါင်း ၃ဝဝ ကျော် တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပညာ ရေးဝန်ကြီးဌာနနှင့်တွဲကာမူလတန်း ကျောင်းများမှ အကြောင်းအမျိုး မျိုးကြောင့် ပြင်ပရောက်သွားသူ အသက်၁ဝ နှစ်မှ ၁၄ နှစ် အရွယ် ရှိကလေးများကို တန်းညှိအစီအစဉ် ဖြင့်ဆောင် ရွက်သင်ကြားပေးနေပြီး ၂ဝ၁၃ ခုနှစ်၌ မြို့နယ် ၇၃ မြို့နယ် ရှိ ကလေးငယ် ၁ဝဝဝဝ ကျော်ကို သာ ဆောင်ရွက်ပေးနိုင်သေးကြောင်းနိုင်ငံအဆင့်လူတိုင်းအတွက်ပညာရေး ညှိနှိုင်းရေးမှူးထံမှ သိရသည်။

ဒေါ်အေးအေးသင်းက ''သိရ သလောက် လေ့လာရသလောက် အဲဒီကလေး ၁ဝဝဝဝ ကျော်ထဲက ပြန်ထွက်သွားကြတဲ့သူတွေတောင် ရှိနေသေးတယ်ဆိုတော့ စဉ်းစား သင့်တယ်။ အများပူးပေါင်းဖို့ လိုနေပြီ''ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူက ကာလတို အကဲ ဖြတ်မှုပြီးဆုံး၍ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ရှိနေကြပါကြောင်း၊ ၂ဝ၁၅ တွင်လူတိုင်းအတွက် ပညာရေးကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆက် သွယ်မေးမြန်းမှုကို ဖြေသည်။

စာရင်းအရ ကမ္ဘောဇဘဏ်၊ တော်ဝင်မိသားစု၊ ဧရာဝတီ ဖောင် ဒေးရှင်း၊ အဏ္ဏဝါလွှမ်းစသည့် ကုမ္ပဏီများအပြင် ရန်ကုန်နှင့် ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က အစိုးရဦးစီးသော ကျောင်းပြင်ပ

မူလတန်းပညာရေး စီမံချက် မြို့နယ်များ၏ ၆ဝရာခိုင်နှုန်းကျော်ကို တာဝန်ယူပံ့ပိုးပေးနေသော်လည်း တိုးချဲ့ဖို့လိုမည်ဟု ထောက်ပြနေကြ သည်။
မင်းသုအောင်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com