http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၃၇ နှစ်မြောက်မွေးနေ့အခမ်းအနား တော်ဝင်နှင်းဆီတွင် ကျင်းပ

ရန်ကုန်၊ မတ် ၂၃။
စာပေ၊ ယဉ်ကျေးမှု၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ၁၃၇ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို မတ်လ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်
နှင်းဆီရှိ ငြိမ်းချမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျောင်းသားတွေ ၁၉၈၉ မှာ ထောင် ခုနှစ်နှစ် ကျခဲ့တယ်။ ထောင်က ထွက်လာတော့ လူပြန်စုပြီး ၉တန်း ၁၀ တန်း ကျောင်း သားတွေကို စာသင်ပေးခဲ့တယ်။ နောက်ဆုံးမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး စာသင်တဲ့ အိမ်ကို ၀င်ပြီး ဖမ်းတယ်။သူတို့ကို ဖမ်းစရာ ရုံးတင်စရာ သက်သေတစ်ခုမှ မတွေ့တော့နောက်ဆုံး အမျိုးသား စာရေးဆရာကြီး သခင်င်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံပန်းချီကားကို တွေ့ပြီး ခုံရုံးတင် စစ် ဆေးခဲ့တယ် အဒိ့အခါစစ်အစိုးရရဲ့ ဂုဏ်ပြုလိုက်ပုံကတော့ ကျောင်းသားလေးတွေကို တရားစွဲတဲ့အခါမှာ ဆရာကြီးကို အမှုတွဲထဲမှာ ဆရာကြီးကိုပါစေခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပူပူနွေးနွေးသမိုင်းပါပဲ" ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောကြားသည်။

ဆရာကြီး၏ ပုံရိပ်ကို မည်သို့ပင် မှေးမှန်အောင် ပြုလုပ်ခဲ့၊ပြုလုပ်ခဲ့ ဆရာကြီး၏ ဂုဏ်သိက္ခာသည် မမှေးမှိန်ခဲ့ကြောင်း၊ ဆရာကြီးသည် ဒေါင်း၊ ဆရာကြီး၏ ပုံရိပ်သည် ဒေါင်းဖြစ်ပြီး
နောက်ဆုံး နိုင်ငံတော် အလံသာ သုံးခုပြောင်းသွားသော်လည်း ကျွန်တော်တို့ရဲ့ ဒေါင်းအလံဟာ ပြောင်းလဲခြင်း မရှိခဲ့ကြောင်းယင်းက ဆက်လက်ပြောကြားသည်။

ယင်းပွဲတွင် အမျိုးသား စာရေးဆရာကြီးအား ငြိမ်းချမ်းရေး ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေဂုဏ်ပြုခဲ့ကြပြီး ကဗျာဆရာ ကိုနွေထက်က "ကျွန်ခေတ်အမှောင်ကို ချွန်ထက်တဲ့ ကလောင်နဲ့ ထိုးခွင်းခဲ့သူ" ဟူ၍ ကဗျာများ ရွတ်ဆိုကာ တင်စားဂုဏ်ပြုခဲ့သည်။

ယင်းပွဲတွင် ဟံသာဝတီ ဦးဝင်းတင်၊ ၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်၊ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဦးတင်အေး ကြူ၊ နိုင်ငံရေး သမားများ၊ ပါတီခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်မှ ကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားများ၊ ကဗျာဆရာများနှင့် ငြိမ်းချမ်းရေးကို မြတ်နိုးသူများ၊ သမိုင်းကို စိတ်ဝင်စားသူများအပါအ၀င် လူဦးရေ ၅၀၀ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရည်မွန်
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com