http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား

ဒီဗွီဘီ - ၄ မတ်လ ၂၀၁၃

လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံ တပုံ) နေရာရယူထားခြင်းဟာ လွှတ်တော်မှာ ဝိုင်းကူညီပေးဖို့ ဖြစ်ပြီး တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။
ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီလ ၁ ရက်နေ့က ဖင်လန်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာဖြစ်ပြီး ဒီလိုနေရာယူထားတာကလည်း လတ်တလော အခြေအနေအရ တိုင်းပြည်ရဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံကာကွယ်ဖို့ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သူခန့်အပ်တာပါလို့လည်း သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံ အခြေအနေအရ၊ သမိုင်းကြောင်းနောက်ခံအရ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်ထားလို့ မရဘူးလို့ ဆိုပါတယ်။

လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုကိုလည်း တဖြည်းဖြည်းလျှော့ချသွားမယ်လို့ သမ္မတက ဖြေဆိုပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ တပ်မတော်သားကိုယ်စားလှယ် ရှိပါဦးမလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ခက်ခဲကြောင်းနဲ့ တိုင်းပြည်ရဲ့အခြေအနေ၊ လွှတ်တော်ရဲ့ အခြေအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားတွေအပေါ်မှာ မူတည်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်ဆိုင်းထားလို့ မရသလို နောက်ပြန်လှည်လို့လည်း မရကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်လည်း ရလာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်တာရှိသလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သမ္မတက ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ ဖင်လန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း သမ္မတက ပြောဆိုပြီး ဖင်လန်ကုမ္ပဏီတွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဖင်လန်သမ္မတက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အားပေးကူညီသွားမယ်လို့ ကတိပြုခဲ့ပြီး ၂ဝ၁၄-၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို ၆ ဒဿမ ၅ သန်း ကူညီ ထောက်ပံ့ဖို့ လျာထားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုတွေကိုလည်း ဖယ်ရှားပေးဖို့အတွက် ကြိုးစားသွားမယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံကို သတ္တုတွင်းထွက်နဲ့ ပတ်သက်ပြီး မိမိတို့မှာရှိတဲ့ ကျွမ်းကျင်သူတွေကို ကူညီပေးသွားမယ်လို့ ဖင်လန်သမ္မတက ပြောဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေက ကျန်အမတ်တွေလို ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ လွှတ်တော်အမတ်နေရာရဲ့ လေးပုံတပုံကို ကိုယ်စားပြုတက်ရောက်ပါတယ်။DVB TV News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com