http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမတ်တွေအဆိုတင်တင်မတင်တင် ဥပဒေ နဲ့ မညီတာတွေကို ညီအောင်လုပ်ရမှာ အုပ်ချုပ်သူတွေရဲ့တာဝန်ပဲ

 ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဌ ဦးအောင်သိန်းလင်းနှင့်တွေ့ဆုံခြင်း
မြေယာကိစ္စများ၊ အရှုပ်အရှင်း  များနှင့် ပတ်သက်၍ လွှတ်တော် နှစ်ရပ်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်လပ် မြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုစုံစမ်းရေးကော်မရှင်မှ တာဝန်  ရှိသူတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သိန်းလင်းအား Hot News သတင်းထောက်မှ မတ်လ ၃ ရက်နေ့၌ တွေ့ဆုံကာ  ကော်မရှင်၏လက်တလောဆောင် ရွက်ချက်များနှင့် မြေယာပြဿနာ  အချို့အပေါ်သဘောထားသုံးသပ် ချက်များအား တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။

အဘတို့ပါဝင်တဲ့ ဒီမြေသိမ်း  ခံရမှုစုံစမ်းရေးကော်မရှင်အနေနဲ့ စုံစမ်းမှုတွေလုပ်တဲ့ အခါဘယ်လို  မျိုးစံနှုန်းတွေနဲ့လုပ်သလဲသိချင်ပါတယ်။ ဒီကော်မရှင်ကို တိုင်းနဲ့ ပြည်နယ်အလိုက်အဖွဲ့ကိုးဖွဲ့ခွဲပြီး စုံစမ်းတာတွေလုပ်တယ် အဲဒီမှာ နိုင်ငံရေးပါတီတွေက လွှတ်တော်  ကိုယ်စားလှယ်တွေလည်းပါတယ်။  အဖွဲ့ (၁) မှာတော့ဦးတင်ထွဋ်က ခေါင်းဆောင်ပေါ့။ စံနှုန်းရယ်လို့ တော့မဟုတ်ဘူးပေါ့နော်။ ကော်မရှင်အနေနဲ့ကတော့ မြေယာ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ စုံစမ်းစစ် ဆေးမှုရဲ့ ရလာဒ်အဖြေကို ပြည်ထောင်စုလွှတ်တော်ကိုတင် ပြတယ်။ ပြည်ထောင်စုလွှတ်တော်  က အစိုးရအဖွဲ့ကို ဖြေရှင်းဆောင် ရွက်ပေးဖို့ တိုက်တွန်းတာပေါ့ဗျာ။ လက်ရှိတည်ဆဲမြေသိမ်းဥပဒေ ကို အဆင့်တွေကျော်နေတဲ့ လုပ်ရပ်အချို့ကြောင့် တောင်သူ လယ်သမားတွေ နစ်နာရတဲ့အပေါ် မှာရော အဘတို့ ကော်မရှင်က ဘယ်လိုသုံးသပါသလဲ။

မှန်ပါတယ်။ တချို့ကြတော့ မြေသိမ်းဥပဒေရဲ့ အဆင့်တွေ ကျော်နေပြီး။ လယ်သမားတွေ နစ်နာတာ လျှော်ကြေးမရတာ တွေလည်းရှိတယ်။ ကျန်တာက တော့ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းတွေအကောင် အထည်ဖော်ဖို့မြေသိမ်းတဲ့အခါ  မြေအသိမ်းခံလက်ငုတ်လက်ရင်း  လယ်သမားတွေ နစ်နာတာရှိတယ်။  ဥပမာပြောရရင် FMI အိမ်ရာ အပါအ၀င် FMI ဂေါက်ကွင်းတို့ ဘာတို့ပေါဗျာ။ အဲဒီမှာဆို တွေ အုပ်ကမြေသိမ်းပေးတယ်အိုးအိမ် ဦးစီးဌာနကို အိုးအိမ်ဦးစီးဌာနက FMI ကိုလုပ်ကိုင်ခွင့်ပြန်ချပေးတယ်။ ဒါတွေကိုလည်း ကော်မရှင်အနေ နဲ့ စုံစမ်းတယ်။ အဲသလိုစုံစမ်းစစ် ဆေးမှုရလာဒ်တွေကို လွှတ်တော်  မှာ ပြန်တင်ပြတယ်။ နောက်တစ် ခါစက်မှုဇုန်တွေလုပ်ဖို့မြေသိမ်း တယ်။ သိမ်းတဲ့အခါ အဆင့်တွေ ကို ပြီးပြည့်စုံအောင်စနစ်တကျမ လုပ်နိုင်တဲ့ အခါကြတော့ တောင်သူလယ်သမားပဲနစ်နာရရှာ တာ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းတွေအကောင် အထည်ဖော်ဖို့ မြေသိမ်းတဲ့အခါ မှာ မြေသိမ်းတဲ့ဌာနအနေနဲ့ ရှေ့ မထွက်တဲ့အခါ လုပ်ကိုင်ခွင့်ရထား တဲ့ လုပ်ငန်းတွေနဲ့ လယ်သမား တွေကြား ပြဿနာတွေဖြစ်ရပါ တယ်။ ဒီလိုကိစ်္စတွေမှာရော ဘယ်သူကတာဝန်အရှိဆုံးဖြစ်ပါ သလဲ။

မြေသိမ်းတော့မယ်ဆိုရင် အစိုးအနေနဲ့က ဒီမြေကို အများ ပြည်သူအကျိုးငှာသိမ်းရပါတယ်။  ဆိုပြီး ကြေညာရမယ်။ ဒါမှ ကာယကံရှင်တွေကသိမှာ အဲသလို   သိမှပဲ။ သူတို့ဘက်ကပြန်လည်ခြေ ပနိုင်ခွင့်ရှိလာမယ်။ အဲသလို ချေပတဲ့ထဲက နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မဖြစ်မနေကို သိမ်းရမယ်ဆိုရင်လည်း မြေသိမ်း ဥပဒေပုဒ်မ ၆ အရ တိုင်းတာပြီး  ဘယ်ဟာကိုသိမ်းမယ်ဆိုပြီး။ ကြေညာရမယ်။ အဲသလိုကြေညာ ပြီးမှ လယ်သမားတွေကို နစ်နာ ကြေးတောင်းဆိုနိုင်တယ်ဆိုပြီး ကြေညာရမယ်။ မြေသိမ်းမှုတွေကို  ပုဒ်မ ၄ ပုဒ်မ ၆ အရလုပ်ပြီးရင် ပုဒ်မ ၉ အရ လျော်ကြေးပေးရ မယ်။ အဲသလိုလုပ်တဲ့အဆင့်ရောက် ဖို့ ဦးစွာ လ/န (၃၉) လယ်မြေ ကို အခြားမြေအဖြစ်လုပ်ကိုင်ခွင့်  ရှိရအုံးမယ်။ ဒီတော့ဒီမှာတာဝန်ရှိ  တာအုပ်ချုပ်ရေးပိုင်းကလူတွေပဲ။ ပြည်သူတွေနစ်နာတာကို ဖြေရှင်း ပေးဖို့ သူတို့မှာတာဝန်ရှိတယ်။ ကျွန်တော်တို့လွှတ်တော်အမတ် တွေ အဆိုတင်တင်မတင်တင် ပြည်သူနစ်နာတာကို ဖြေရှင်းပေး ရမှာအုပ်ချုပ်သူတွေနဲ့ တာဝန်ပဲ။

အချို့ကိစ္စတွေမှာ လယ်မြေ တွေကို အခြားမြေအဖြစ်လုပ်ကိုင် ခွင့် လ/န မရသေးသော်လည်း စီမံကိန်းတွေ အကောင်အထည် ပေါ်လာတာမျိုးတွေအပေါ်မှာရော   ဘယ်လိုဖြေရှင်းရမဲလဲ။အဆောက်အသီးတွေတော့ ဆောက်ပြီးသွားပြီ။ ဒါပေမဲ့ လ/န  က လုံးဝမကျသေးဘူး။ ဒါတွေကို  ကျွန်တော်တို့က စုံစမ်းတွေ့ရှိတယ်။ အဲဒီမှာက လျော်ကြေး၊ နစ်နာ ကြေးထိုက်ထိုက်တန်တန်မရတဲ့ လယ်သမားကနစ်နာတာပေါ့ဗျာ။  ဒါတွေကိုကြတော့ ပြည်ထောင်စု  လွှတ်တော်ကိုတင်ရတယ်။ ပြည်ထောင်စုလွှတ်တော်ကနေတစ် ဆင့်အစိုးရအဖွဲ့ကိုတိုက်တွန်းပြီး။ ဖြေရှင်းရတာပေါ့ဗျာ။ ဖြေရှင်းတဲ့  အခါမှာလည်းတန်ဆဲဥပဒေအရ ဆောင်အတွင်းကပဲဖြေရှင်ရပါတယ်။ ဥပမာဆိုရင် ရန်ကုန်မှာ ဒဂုံသုံးမြို့ နယ်ပြီးတော့ လှိုင်သာယာနဲ့ ရွှေပြည်သာဘက်တွေမှာ လယ် သမားတွေနစ်နာရတာတွေရှိတယ်။  ပြောရရင် အဆင့်တွေကျော်တာ တို့ သက်ဆိုင်ရာအဆင့်အလိုက် မလုပ်ကြတာတို့ကြောင့် လယ်သမားကနစ်နာရတယ်။ ဒါတွေကိုတော့ ခုနပြောသလို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြီး အစိုးရအဖွဲ့ကိုတိုက်တွန်းပါတယ်။

တပ်ကမြေသိမ်းတဲ့ ကိစ္စရပ်  တွေကိုရော အဘတို့ကော်မရှင် အနေနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ အခါမှာ ဘယ်လောက်အတိုင်း အတာထိအောင်မြင်မှုရှိပါသလဲ။ ကော်မရှင်အတွက်ရော၊ နစ်နာတဲ့ လယ်သမားတွေအတွက်ရောပါ။တပ်ကမြေသိမ်းလိုက်လို့ လယ်သမားတွေ နစ်နာရတာရှိ တယ်။ နောက်တစ်ခါတပ်မိသား စုဝင်တွေအတွက် ၀န်ထမ်းသက်သာ  ဆိုပြီး။ စိုက်ပျိုးမွေးမြူရေးလုပ်ဖို့  မြေသိမ်းတော့လည်း လယ်သမား  တွေနစ်နာရတယ်။ နောက်ထပ် အတွက်ဆောက်တဲ့ အဆောက် အဦးတွေသတ်မှတ်တာထက်ကျော်  သွားတဲ့ အခါမှာလည်း လယ်သမား  တွေနစ်နာရတယ်။ တပ်မြေသိမ်း တာနဲ့ ပတ်သက်ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇၊ ၂၈၊ မှာတုန်းက တက်ကတာ ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။  အဲဒီမှာလည်း တပ်ကမြေသိမ်းလို့ လယ်သမားနစ်နာရတာတွေကို ဆွေးနွေးတယ်။ အဲဒီကိစ္စလွှတ် တော်ကိုတင်မှာပါ။ အဲဒီမှာ နစ်နာတဲ့လယ်သမားတွေပြန်ပေး  မယ်ဆိုပြီးတော့ လည်းကြားတာ ပဲဗျာ။ ဒါကတော့တပ်ကတာဝန်ရှိ  သူတွေနဲ့ ဆွေးနွေးပြီဆက်လက် လုပ်ဆောင်သွားရမှာပါ။
ယခင်အစိုးရလက်ထက်မြေ ယာအရှုပ်အရှင်းပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်အစိုးရ  လက်ထက်မှာရော ဘယ်လိုမူဝါး  တွေချမှတ်ဆောင်ရွက်ပါသလဲ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ရဲ့ မူဝါဒတွေကို သိပါရစေ။

အဲဒါကတော့ အရင်ကမြေ သိမ်းဥပဒေရှိတယ်။ အဲသလိုအရှုပ်  အရှင်းပြဿနာတွေဖြစ်လာရင် တည်ဆဲဥပဒေနဲ့ ညီမညီကြည့် တယ်။ အဲဒီမြေသိမ်းဥပဒေက ဒီအစိုးရလက်ထက်ထိ အာဏာ သက်ဝင်နေတုန်းပဲ။ အဲဒီဥပဒေနဲ့  ဘယ်အချက်တွေ မညီဘူးလဲ။ လယ်သမားဘယ်လောက်နစ်နာလဲ ကျွန်တော်တို့ဖော်လို့ရပြီး။ အဲဒီ  က အစိုးရအပိုင်းပါ။ လွှတ်တော်    အနေနဲ့ကတော့ ကော်မရှင်ဖွဲ့ပေး တယ်။ ကော်မရှင်အနေနဲ့ စုံစမ်း  စစ်ဆေးမှုတွေလုပ်တယ်။ အဲသလို  စစ်ဆေးမှုရလာဒ်တွေကို ပြည်ထောင် စုလွှတ်တော်ကိုတင်တယ်။ အဆို အနေနဲ့ တင်တာပါ။ အဲသလို ပြည်ထောင်စုလွှတ်တော်ကမှ တစ်ဆင့်အစိုးရကို တိုက်တွန်းပြီး  အစိုးရကဆောင်ရွက်ပေးတာပေါ့ ဗျာ။ ကဏ္ဍာတစ်ခုချင်းဆီအလိုက် ပေါ့။ အဘခုနကပြောသလို လယ်မြေအခြားမြေအဖြစ်လုပ်ပိုင် ခွင့် လ/န မရသေးပဲ။ ရှေ့ဆက်  တိုးတာတွေ စီမံကိန်းအကောင် အထည်ဖော်တာတွေဟာ အောက်ခြေအုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းချက်တွေပါတယ်လို့ရော  ယူဆပါသလား။

မှန်တယ်ဒီလိုဖြစ်တဲ့ကိစ်္စတွေ မှာ အောက်ခြေအုပ်ချုပ်ရးပိုင်းက   အရမ်းအားနည်းတယ်။ တကယ် တော့ ကျွန်တော်တို့ အမတ်တွေ က ပြည်သူတွေနဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး အဆိုတင်သည်ဖြစ် စေ၊ မတင်သည်ဖြစ်စေ၊ ပြည်သူ တွေရဲ့ အခက်အခဲကို ဖြေရှင်းပေး ဖို့နဲ့ ဥပဒေနဲ့ မညီတာတွေကို ဥပဒေနဲ့ ညီအောင်လုပ်ဖို့က အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ပဲ။ ကျွန်တော်တို့အဆိုတင်တင်မတင် တင်အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့  အညီဖြေရှင်းဆောင်ရွက်ပေးရမယ်။   အချို့မြေတွေဆို လန (၃၉) မကျ သေးဘူး။ မကျသေးရင်လယ်ကလွဲ ပြီးကျန်တာဘာမှလုပ်ပိုင်ခွင့်မရှိ ဘူး။ အဲသလိုလုပ်ကိုင်ခွင့်မရှိတဲ့ မြေပေါ်မှာ လမ်းတွေဖောက် အဆောက်အဦးတွေဆောက်ရင် ဒါဟာဥပဒေကိုဖောက်ဖျက်တာ ဥပဒေကိုမျက်ကွက်ပြုတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေက တော့ ပြည်သူတွေနဲ့ အခက်အခဲ    တွေကို တင်ပြမှာပဲလေ။ ဒါပေမဲ့  ဥပဒေနဲ့ မညီတာတွေကို ညီအောင်   လုပ်ဖို့နဲ့ ဥပဒေကို ထန်းကျောင်း  ဖို့ကြတော့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတယ်။ ဒါသူတို့လုပ်ရ မယ်လေ။ လ/န မကျသေးပဲ ရှေ့ဆက်တိုးတာတော့ လုံးဝမဖြစ်  သင့်ပါဘူး။ဟုတ်ကဲ့ ခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။The Hot News
ခန့်ခန့် (ဒဿနိက)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com