http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနိုင်ငံ၏ပထမဆုံး လေယာဉ်မောင်းသင်တန်းတွင်သင်တန်းသား ၁၀ဦး ပညာသင်ထောက်ပံ့စရိတ်ဖြင့်တက်ရောက်ခွင့်ရရှိမည်

ရန်ကုန်၊ မတ် ၂၂။
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်းသင်တန်းကျောင်းတွင် အမှန်တကယ်ဆင်းရဲပြီး ပညာထူးချွန် ထက်မြက်သောကျောင်းသား ၁၀ဦးကို ထူးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ် ပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၇ နှစ် မှအသက် ၃၅နှစ်ကြား ရှိသူ များမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်းသင်တန်းကျောင်း Myanmar Aviation Academy တွင် လေယာဉ်မောင်းသင်တန်း တက်ရောက်ရန်လျှောက်ထားနိုင်ကြောင်း ၊ ထိုလျှောက်ထားသူများထဲမှ အရည်အချင်းပြည့်မှီသူ၂၄ဦးမှာ သင်တန်းတက်ခွင့် ရရှိမည်ဖြစ်ပြီး၊ ၄င်းတို့ထဲမှ ဥာဏ် ပညာထက်မြက်ပြီး ငွေကြေးအမှန်တကယ်ချို့ တဲ့သူ ၁၀ဦးကို ထူးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ်ပေးအပ်မှာ ဖြစ်ကြောင်းသိရသည်။

“ပညာသင် ထောက်ပံ့စ့ရိတ်ကို အမှန်တကယ် ချို့ တဲ့ပြီး၊ တကယ် ဥာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကို ရစေချင်ပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာကို ဆင်းရဲတယ်လို့ သတ်မှတ်ဖို့ကကျတော့ နည်းနည်းအခက်အခဲဖြစ်နေတယ်။ စီစစ်ဖို့ကို ကျွန်တော်တို့လည်း တိုင်ပင်နေပါတယ်။” ဟု Myanmar Aviation Academy ဥက္ကဌဦးကြည်ဝင်းက ပြောကြားသည်။

လေယာဉ်မောင်းသင်တန်း တက်ရောက်လိုသူများမှာသင်တန်းစရိတ် အမေရိကန်ဒေါ်လာ ခြောက်သောင်းငါးထောင်(မြန်မာငွေ သိန်း ၅၅၀ကျပ်ခန့်) ပေးသွင်းရမည်ဖြစ်ကြောင်း ၊ ပညာသင်စရိတ် ထောက်ပံ့ကြေးရရှိသူ၁၀ဦးအတွက် စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာခြောက်သိန်းငါးသောင်းအားထူးဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း တက်ရောက်လိုသူများသည် လေယာဉ်သင်တန်း ၀င်ခွင့်ရရှိစေရန် အင်္ဂလိပ်စာ၊ သချာင်္ နှင့် ရူပဗေဒဘာသာ ရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ဘာသာရပ တစ်ခုလျှင်
အနည်းဆုံး အမှတ် ၆၀ ရရှိရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်တွင်အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်များဖြင့် လေယာဉ်မောင်းနှင်ခြင်းကို လက်တွေ့ နာရီ ၂၀ သင်ကြားပြီးပါက တစ်ကိုယ်တော် မောင်းနှင်နိုင်ခြင်း ရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး၊ မမောင်းနိုင်သူများကို သင်တန်းတက်ခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကို ပုသိမ်မြို့တွင် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများမှာ ကိုယ်ကာယ ကြံ့ခိုင်မှု လိုအပ်ချက် အဖြစ် မျက်မှန်တပ်သူဖြစ်ပါသော်လည်း ကီလိုမီတာ ၄၀ အကွာမှကားနံပါတ်ကို ဖတ်ပြနိုင်ခြင်း ရှိရမည်ဖြစ်ပြီး ခြေထောက်
အရှည် ၃၉လက်မ ရှိသူဖြစ်ရမည်ဖြစ်ကာ ကိုယ်အလေးချိန်၁၈၀မကျော်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အောင်မြင်ပြီးသူများထဲမှ ပညာသင် ထောက်ပံ့စားရိတ် ရရှိသူ၁၀ဦးမှာ Air Bagan လေကြောင်းလိုင်းတွင် ၇နှစ် တာဝန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း နှင့် မိမိစရိတ်ဖြင့် တတ်သောကျောင်းသားများမှာ ၅နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“၇နှစ်တာဝန် ထမ်းပေးရမယ်ဆိုလို့ ပညာသင်ပေးပြီး ခိုင်းစားတယ်လို့ တချို့ကလေးတွေက ထင်မှာစိုးပါတယ်။တကယ်တမ်း စဉ်းစားကြည့်ရင် ပညာသင်ပေးရုံတင်မကဘူး ဒီကလေးတွေရဲ့ ဘ၀အတွက် အလုပ် ၇ နှစ်စာအာမခံ ရှိတယ်လို့ပြောရမှာပါ။ တာဝန်ထမ်းတဲ့ အချိန်မှာလည်း လစာပေးထားမှာပါ။ ပြီးတော့ နိုင်ငံတကာမှာPCLလက်မှတ် ကိုင်ထားပေမယ့် လေယာဉ်မောင်းချိန်၁၅၀၀ပြည့်မှ First Officer ရာထူးပေးတာပါ။ ဒီမှာကကိုယ့်သင်တန်းက ကလေးတွေ သင်တန်းက ဆင်းတာနဲ့ အတွေ့အကြုံယူလို့ရအောင် စီစဉ်ပေးထားတာပါ။ ” ဟုMyanmar Aviation Academyမှ ဥက္ကဌ ဦးကြည်ဝင်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် သင်တန်းတွင် နာရီ ၄၀၀ စာတွေ့လက်တွေ့မောင်းနှင် ရမှာဖြစ်ကြောင်း၊ သင်တန်းအောင်ပြီးပါက Junior Officerရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ပြီး လစာ အမေရိကန် ဒေါ်လာ ၁၂၀၀အဖြစ်လည်းကောင်း၊ ၃နှစ်ခန့် အကြာတွင် SeniorOfficer ရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာ အမေရိကန်ဒေါ်လာ ၁၈၀၀ခန့်ရရှိမည် ဖြစ်ကြောင်း ၊ နာရီ ၃၀၀၀ မောင်းနှင်ပြီးပါက Captain တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်းသိရသည်။
ဆုဝေ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com