http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြောက်ကိုးရီယားအရေးကို တရုတ်တို့ ပြင်းထန်စွာ တုံ့ပြန်ရန် အမေရိကန်မျှော်လင့်

ဘေကျင်း၊ မတ်၂၂။ ။
အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂကအသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်းအမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်ပြောကြားသည်။

အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးအဖွဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဒေးဗစ်ကို ဟန်ကတရုတ်ဘဏ်များနှင့် ထိန်းညှိုပေးသူများသည် ကုလ သမဂ္ဂ အဖွဲ့ချုပ် လုံခြုံရေးကောင်စီမှ
ထုတ်ပြန်သည့် ထုတ်ပြန်ချက်သစ်ကို အလေးထားမည်ဟုယုံကြည်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယားသို့ တရားမဝင်စီးဆင်းနေသောကို တားဆီးခြင်းသည် ဖေဖော်ဝါရီ၁၂ရက်က နယူးကလီးယားစမ်းသပ်မှုကို ဆန့်ကျင်သည့် အနေနှင့် လုပ်ဆောင်သော ပိတ်ဆို့အရေးယူမှုများ၏ အဓိကအချက်ဖြစ်ကြောင်း ဆိုသည်။

တရုတ်သည် ပိတ်ဆို့အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်၎င်းတို့လည်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့သော်လည်း မြောက်ကိုးရီးယား၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည့်အပြင် ကုန်သွယ်မှု အဓိကစီးပွားဖက်လည်း ဖြစ်သည်။

“လုံခြုံရေးကောင်စီက လုပ်ဆောင်မယ့် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကလွဲလို့ ဘာမှမကြားရဘူး။ အဲဒီပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ တရုတ်အစိုးရ
အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝမျှော်လင့်ပါတယ်” ဟု ၎င်းက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားသည်။

တရုတ်တို့သည်လည်း မြောက်ကိုးရီးယားနှင့် စပ်လျဉ်း၍စိတ်ပျက်မှုများ ရှိလာနေပြီဟု တရုတ်ကျွမ်းကျင်သူများက ဆိုသည်။ယင်းအပြင် မကြာမီက လုပ်ဆောင်ခဲ့သော
နျူကလီးယားစမ်းသပ်မှု၊ ယခင်နှစ်ဒီဇင်ဘာက စမ်းသပ်ခဲ့သည့် တာဝေးပစ်ဒုံးကျည်များ၊ အမေရိကန်နှင့် တောင်ကိုးရီးယားကိုပြုလုပ်ခဲ့သော ခြိမ်းခြောက်မှုများလည်း ရှိခဲ့သည်။

“တရုတ်နိုင်ငံ အမြင်အရဆိုရင်မြောက်ကိုးရီးယားကိုအရေးကြီးကြောင်း သတ်မှတ်ထားပါတယ်။ မြောက်ကိုးရီးယား များကို လေးစားမှု ရှိတယ်” ဟု ဘေဂျင်းရင်းမင်းတက္ကသိုလ်မှ
နိုင်ငံတကာလေ့လာရေးကျောင်း တွဲဖက်ပါမောက္ခ မစ္စတာဂျင်ကန်ရွန်က ဆိုသည်။

“တရုတ်တွေမှာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုကို လျော့ သွားစေပြီး စိတ်သဘောမကျမှုများကို
ပြသရပါမယ်” ဟု ဆိုသည်။

မစ္စတာကိုဟန်သည် ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံအရာရှိများထံ လည်ပတ်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘဏ်နှင့် တရုတ်ထိန်းသိမ်းသူများဟာ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ဆိုသည်။
Ref: Reuters
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com