http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာဒုက္ခသည် ၅သိန်းခန့် ဆော်ဒီတွင်အခမဲ့နေထိုင်ခွင့်ပြုမည်ဟုဆို

ဂျက်ဒါး၊ မတ် ၂၅
မက္ကာအစိုးရ မင်းသား ခါလက် အယ်ဖိုင်ဆယ်က မြန်မာ ဒုက္ခသည်များအား ဆော်ဒီအာရေဗျ နိုင်ငံတွင်း အခမဲ့နေထိုင်ခွင့် ပေးမည်ဖြစ်ရာ အဆိုပါသမိုင်းတွင်မည့် လုပ်ရပ်အရ ဒုက္ခသည် ၅ဝဝဝဝဝ နီးပါး နိုင်ငံတွင်း နေခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

မက္ကာအနီး ကူဒိုင်းရောက် မင်းသားက ''ယခုကဲ့သို့ ဆုံးဖြတ် ချက် ချနိုင်ခြင်းအတွက် အထူးဝမ်း မြောက်မိကြောင်း၊ နိုင်ငံတွင်း ကာလရှည်နေထိုင်ခဲ့သူ နိုင်ငံခြား သား အများအပြားကို ယခုကဲ့သို့ နေထိုင်ခွင့်ပေးနိုင်မှုအတွက် ပီတိ ဖြစ်မိကြောင်း'' ဆိုသည်။ ဘုရင် အဗ္ဗဒူလာနှင့်ဗလီဝတ်ကျောင်း နှစ် ခုမှ ဂေါပကများကိုလည်း ကျေးဇူး တင်ကြောင်း ၄င်းက ပြောသည်။

ဆော်ဒီရောက် မြန်မာ အသိုင်းအဝိုင်း အပါအဝင် အိုအိုင် စီ အထွေထွေအတွင်းရေးမှူး အက်မဲလာဒင် အီဆန်နိုလူးရှေ့ မှောက် ၄င်းကို သောင်းသောင်းဖြဖြ အားပေးစဉ် ပြောဆိုရာ၌ ''မက္ကာ မြို့ဝန်ဖြစ်ပြီး ကတည်းက အဗ္ဗဒူ လာ မင်းတရားကြီးကို ဦးဆုံး တင်ပြခဲ့တာ ဒီကိစ္စပါ။ မင်းကြီးက မြန်မာမူဆလင်တွေ အများစုနေ ထိုင်တဲ့ ဒေသတွေ အခြေအနေ တိုးတက်ရေးအတွက် အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ လူနေရပ် ကွက်တွေ ဖွံ့ဖြိုးဖို့ လုပ်ခဲ့ပါတယ်။ ဝန်ကြီးအဆင့် ကော်မတီတွေက တစ်ဆင့်ပေါ့'' ဟု ဆိုသည်။

ယင်းက ဆက်လက်၍ ကမ္ဘာ ပေါ်ရှိ အထူးခြားဆုံး အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဒုက္ခ သည်များ နေထိုင်ရာ ရပ်ကွက်များ ဖွံ့ဖြိုးရေးသာမက အဆိုပါ ခိုကိုးရာ မဲ့ ၄ဝဝဝဝဝ မှ ၅ဝဝဝဝဝ ခန့်၏ ဘဝများကို ပြန်လည် ထူထောင်ပေး မည်လည်း ဖြစ်ကြောင်း ပြောသည်။ ယင်းသို့ ထူထောင်ရာတွင် ကျန်းမာ ရေး စောင့်ရှောက်မှု၊ လူမှုဝန်ဆောင် မှု၊ ပညာရေးအပါအဝင် ဒေသဖွံ့ဖြိုး ရေးစသည်တို့ ပါရှိမည်ဟု သိရသည်။

အဆိုပါဒုက္ခသည်များကို အလုပ်အကိုင် ရရှိရေး သင်တန်း ပေးမည်ဖြစ်ရာ အလုပ်သမား ဝန် ကြီးဌာန၏ အစီအမံဖြင့် မြန်မာ ဒုက္ခသည်များ အလုပ်အကိုင် ရစေ ရေး ပုဂ္ဂလိကပိုင် ကုမ္ပဏီငယ်များ ဖွင့်လှစ်နိုင်ရန် ပံ့ပိုးသွားမည် ဖြစ် သည်။ယခုကဲ့သို့ အစီအစဉ်ကို ကမ္ဘာတစ်လွှား မည်သည့်နေရာတွင်မှ မတွေ့နိုင် ကြောင်း မင်းသားက ဆိုသည်။

ဒုက္ခသည်များကို နိုင်ငံတွင်း အခမဲ့ လေးနှစ် နေထိုင်ခွင့် အပါ အဝင် လူမှုဝန်ဆောင်မှုများ ပေး မည့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဟာရစ်က ''ဒါဟာ ကမ္ဘာမှာ တစ်ခါမှ မပေါ်ပေါက်ဖူးသေးတဲ့ အဖြစ်ပါ'' ဟုဆိုသည်။
S.T
Ref: Arab News
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com