http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မေးလိုက်ချင်စမ်းပါဘိ မှ တပါး အခြားမရှိ

ယနေ့ဖေ့ဘုတ်ခ်စာမျက်နှာများတွင်ရုတ်တရက်ပွက်လောရိုက်ပြီးလူထုအကြားလှုပ်လှုပ်ရှားရှားဖြစ်လာသော သတင်းမှာကားမုံရွာတဖက်ကမ်းရှိလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းနှင့်
ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဦးဆောင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံ စာထွက်လာအပြီးတွင်ဖြစ်ပွားလာသော လှုပ်ရှားမှု့များပင်ဖြစ်လေတော့သည်။

ထိုသတင်းများကိုဖတ်ပြီးကျနော်သည်လွန်စွာစိတ်အပျက်ကြီးပျက်လေတော့သည်၊ ထို့ကြောင့်ထိုကြေးနီစီမံကိန်းအကြောင်းသည်ကျနော့်အတွေးအာရုံတွင်တရေးရေးပေါ်လာတော့၏.. ထိုစီမံကိန်းသည်မဆလခေတ် ဗိုလ်နေ၀င်းလက်ထက်က စတင်ခဲ့သောစီမံကိန်းပင်ဖြစ်၏၊ ထိုစဉ်အခါက ကျနော်သည်အလယ်တန်းကျောင်းသားဘ၀.. မုံရွာကြေးနီစီမံကိန်းသည် ကြေးနီတူးဖေါ်ရင်းမှ ရွှေ တွေ ထွက်နေသည်၊ ငွေ တွေထွက်ပေါ်နေသည်အစရှိသဖြင့်လူထုကြားတွင်ကောလဟလ သတင်းလိုလို၊ အမှန်လိုလိုပြန့်နှံ့နေသည်မှာလည်းထိုခေတ်အခါကသိမှီခဲ့သူများနှင့်စိတ်ဝင်စားသောသူများသိရှိကြ၏၊အဘယ်ကြောင့် ကျနော်ထိုစဉ်ကထိုသတင်းကိုသိရှိသနည်းဟူသည်ကားကျနော့်အထက်ကအကိုကြီး၏သူငယ်ချင်းများသည်ထိုစီမံကိန်းတွင်ကားမောင်းရန်အတွက်စိတ်ဝင်စားနေသောကြောင့်
ထိုအကြောင်းကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျနော်သိရှိခဲ့ခြင်းပင်ဖြစ်သည်။ဒါသည်ပင်လျှင် ယနေ့ ဖေ့ဘုတ်ခ်စာမျက်နှာများနှင့်လူထုအကြားတွင်ဟိုးလေးတကျော်ဖြစ်လာမည့်လက်ပန်းတောင်းတောင်မုံရွာကြေးနီစီမံကိန်း၏ အစ ...ထို့နောက် န၀တ..နအဖ.ယနေ့စစ်တပ်တပိုင်းဦးသိန်းစိန်အစိုးရ ...ထို့နောက် ဒေသခံလယ်သမားများဆန္ဒဖေါ်ထုတ် သည့်ကာလ၊ နောက် ..သပိတ်စခန်းဖွင့်သည့်ကာလ၊နောက်ထိုသပိတ်စခန်းအားလက်ရှိအာဏာပိုင်များမှမီးလောင်ဗုံးဖြင့်ရက်ရက်စက်စက်ဖြိုခွဲသည့်ကာလ၊ထို့နောက်ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံစဉ်..ထိုမီးလောင်ဗုံးဖြင့်ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့လေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည်တက်ရောက်လာသောဒေသခံလူထု၏၂.သဘောထားခံယူပြီးနောက်မြန်မာတွင်မကကမ္ဘာကပါလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဦးဆောင်သည့်စုံစမ်းရေးကော်မရှင်၏အစီရင်ခံထွက်ပေါ်လာသောအခါ... ဒေါ်အောင်ဆန်းစုကြည် ကို ပုတ်ခတ်စော်ကားကားချင်သော၊ နိုင်ငံရေးအာဏာကိုဖြတ်လမ်းကယူချင်သူတို့သည် ရိုးသားသောဒေသခံတောင်သူများအားရှေ့သို့တွန်းထုတ်ကာ ၄င်းတို့၏ မဟာဗျူဟာကို စတင်အကောင်အထည်ဖေါ်လာပြီဟု ကျနော်ရိုးသားစွာနားလည်မိတော့သည်၊

ရိုးသားသော၊သတ္တိရှိသော၊စွန့်လွှတ်စွန့်စားဝံ့သော ဖြူစင်ရိုးသားသည့်ဒေသခံတို့၏ ရှေ့ဆောင်မသွဲ့သွဲ့ဝင်း၊မသွဲ့သွဲ့အေးတို့ကိုကျနော်အားကျ၏၊လေးစား၏၊ကြည်ညိုမိ၏..သို့သော်....ယနေ့နိုင်ငံခြားသတင်းမီဒီယာတခုနှင့်အင်တာဗျူးတွင်မသွဲ့သွဲ့ဝင်းလား..မသွဲ့သွဲ့အေးလား..ကျနော်မသဲကွဲလိုက်...တရုတ်ဝမ်ပေါင်ကုမ္မဏီအားရပ်ဆိုင်းသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟုပြောဆိုသံကိုကြားလိုက်ရသောအခါ ...ရိုးသားသောပကတိဖြူစင်သောကျနော့်ညီမလေးများကို ကျနော်ရိုးသားစွာမေးချင်သောမေးခွန်းများကျနော့်ခေါင်းထဲတွင်အစီအရီပေါ်ထွက်လာလေတော့သည်။

ယခုဖြစ်ပေါ်ခဲ့သောပြသာနာအားလုံးတို့သည် ၀မ်ပေါင်ကုမ္မဏီဝင်ရောက်လုပ်ကိုင်ခြင်းမှ စတင်သောပြသာနာမဟုတ်၊ ပြသာနာ၏အစကို သေချာစွာ မြင်ရန်ကြည့်တတ်ရန်လိုအပ်သည်၊( resolution is the problem , true understanding ) မှာလွန်စွာအရေးကြီးလှပေတော့သည်။ပြသာနာ၏အစကို မှန်မှန်ကန်ကန်မမြင်နိုင်ပါက တိုင်းပြည်အတွက်မလိုလားအပ်သော ရှုပ်ထွေးမှု့များကိုဖြစ်ပေါ်စေမည့်အပြင်ကျနော်တို့တောင့်တသောလိုချင်သောဒီမိုကရေစီတိုင်းပြည်ပေါ်ထွက်လာရေး၊နှင့်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးတို့သည်လမ်းကြောင်းပြောင်းသွားကာ..အလုပ်သမားလယ်သမားနှင့်ပြည်သူပြည်သားများကိုအာမခံချက်မပေးသော၊သွယ်ဝိုက်ဖိနှိပ်နှိပ်စက်သောအုပ်ချုပ်သူလူတန်းစားတဖြစ်လည်း အရပ်သားအာဏာရှင်စံနစ်၊သို့မဟုတ် ...ဓနရှင်အာဏာစံနစ် သို့ကူးပြောင်းသွားတတ်သည်ကိုလည်းသတိထားရန်အထူးလိုအပ်ပေလိမ့်မည်။.ဒေသခံလယ်သမားတို့သည် ၀မ်ပေါင်ကုမ္မဏီ ၀င်ရောက်လုပ်ကိုင်ခြင်းကို အလိုမရှိခြင်းမဟုတ်၊ အတင်းအားဓမ္မ မတရားသောနည်းဖြင့်လယ်ယာမြေများကို သိမ်းခြင်း၊ ပတ်ဝန်းကျင်ပျက်စီးမှု့ကိုဖြစ်ပေါ်စေခြင်းတို့ကို အလိုမရှိခြင်းပင်ဖြစ်သည်ဟု ကျနော်နားလည်မိသည်။ အကယ်၍ ၀မ်ပေါင်ကုမ္မဏီနေရာအစားအခြားနိုင်ငံတခုမှကုမ္မဏီတခုဝင်ရောက်လုပ်ကိုင်ပါကလည်းအလားတူ လယ်ယာမြေများကို အားဓမ္မသိမ်းခြင်း၊ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းများကိုဖြစ်ပေါ်ပါက ဒေသခံတို့သည်လက်ခံနိုင်လိမ့်မည်မဟုတ်ဟု ကျနော်ယုံကြည်သည်။
ယခုအခါ ဖြူစင်သောရိုးသားသောဒေသခံတို့သည်အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုအလိုမရှိဖြစ်နေပါသနည်း...?

လက်ပန်းတောင်းသပိတ်စခန်းအားအာဏာပိုင်များမှရက်ရက်စက်စက်ဖြိုခွဲအပြီး ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံများနှင့်တွေ့ဆုံစဉ်တွင် ဒေသခံများအားသဘောတူညီချက်မေးခွန်းတခုကိုမေးခဲ့သည်၊ ထိုသဘောတူညီချက်မေးခွန်းကား ...( ကျမ ၀င်ရောက်ကြားဝင်ဆောင်ရွက်ပေးတာကို သဘောတူပါသလား ..? ဟုမေးမြန်းခဲ့ရာတွင် ..သဘောတူပါသည်ဟု” တက်ရောက်နားထောင်သူဒေသခံအများစုမှညီညီညွတ်ညွတ်ဖြေဆိုသံကိုကျနော်နားနှင့်ဆတ်ဆတ်ကြားခဲ့ရပါသောဖြူစင်သည့်ဒေသခံများတို့၏အသံများ....

ယနေ့လက်ရှိတွင်ကမ္ဘာကလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအားမြေကြီးပေါ်ပစ်ချပြီး “ ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ ” ကြွေးကြော်ဆန္ဒပြနေသည့် ဖြူစင်သည့်ဒေသခံတောသူတောင်သားတို့၏ ရင်းတွင်းဆန္ဒသည် တကယ်ပဲ အလိုမရှိ တော့ဘူးလား..?

ထိုကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဒေသခံများနှင့်တွေ့ဆုံစဉ်ကပြောကြားခဲ့သော ( သဘောတူပါတယ် ) ဟူသော ဒေသခံတို့၏ဖြူစင်သောအသံတို့သည်ယခုအခါ အရောင်ပြောင်းသွားလေခြင်းမှာ ရိုးသားမှု့ မှထွက်ပေါ်လာသောအသံ မဟုတ်တန်ရာ နိုင်ငံခေါင်းဆောင် (သို့) လူထုခေါင်းဆောင် ...မည်သည့်ခေါင်းဆောင်ဖြစ်စေ ခံစားမှု့ကို ရှေ့တန်းမတင်ပဲ ...ဥာဏ်ပညာဖြင့်သေချာဝေဖန်ပိုင်းခြားကာ မိမိဖြစ်ချင်သောအနာဂတ်ကို ပုံဖေါ်ထုဆစ်ရပေလိမ့်မည်။ ခေါင်းဆောင်လုပ်သူ၏အတွေးအမြင်နှင့်သာမန်လူတို့၏အတွေးအမြင်များသည် ရုတ်တရက်ထပ်တူမကျနိုင်၊ ဤသည်မှာလည်း သဘာဝ ကျသည်၊ ခေါင်းဆောင်အရည်အချင်းနှင့်နောက်လိုက်အရည်အချင်းတို့၏တာဝန်ယူတွေးခေါ်မြော်မြင်မှု့တို့၏ခြားနားချက်ပေတည်း၊ စစ်မှန်သောခေါင်းဆောင်တို့သည် အတိတ်ကို သင်ခန်းစာယူကာပစ္စုပ္ပန် နှင့်အနာဂတ်ကို ကြည့်၏ ..သာမန်လူတို့သည် စိတ်ခံစားမှု့ကိုကြည့်၏ ဦးစားပေး၏။ ဤကား ကွာခြားမှု့ပေတည်း၊ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့်လူထုမျက်နှာကိုကြည့်၏..တိုင်းပြည်နှင့်လူထုအရေးကိုအမြဲတွေး၏ ..လုပ်၏ ကိုင်၏ ..တိုင်းပြည်နှင့်လူထုအရေးသည် သူ့အရေး၊ သူ့ဘ၀ ဟု ခံယူထားသူဖြစ်သည်မှာလည်း မြေကြီးကိုလက်ဝါးနှင့်ရိုက်မလွဲ မှန်၏ ...အာဏာနှင့်ပကာသနစည်းစိမ်ကိုယစ်မူးသူမဟုတ်၊ အပြောတမျိုးအလုပ်တမျိုးမလုပ်တတ်၊တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင် မည်သူ့ကိုအောက်ကျခံရသည်ဖြစ်စေ၊ မည့်သည့်အလုပ်ကိုလုပ်ရသည်ဖြစ်စေ လုပ်မည့်သူဖြစ်သည်၊ တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်သည်ပြတ်သားရဲသည်၊ မျိုးရိုးစဉ်ဆက်တိုင်းပြည်နှင့်လူထုအပေါ်သစ္စာရှိသော၊ ချစ်သော သူမ မေတ္တာကို နားမလည်နိုင်သောသူတို့ကို ကျနော်များစွာအံ့သြမိ၏..ထို့အထဲတွင်ရိုးသားသောဖြူစင်သောဒေသခံညီမလေးမသွဲ့သွဲ့ဝင်းမသွဲ့သွဲ့အေးတို့အပါအ၀င်ဒေသခံတောသူတောင်သားများမပါစေချင်သည့်စေတနာသည်ကျနော့်စိတ်အရင်းခံဖြစ်သည်ကိုကျနော်ရဲရဲဝံ့ဝံ့ပြောရဲသည်။အမှန်အတိုင်းဆိုရပါမူ ကျနော်သည်တရုတ်ကြီးကို နိုင်ငံရေးအရလုံးဝမကြိုက်၊မကြည်ဖြူ၊သို့သော်

လက်ရှိအရေးတွင်ပစ္စုပ္ပန်နှင့်အနာဂတ်ကိုသေချာတွေးတောဆင်ခြင်ဖို့လွန်စွာလိုအပ်သည်ဟုကျနော်နားလည်သောကြောင့်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကို အလိုမရှိလျှင် မည်သူကိုအလိုရှိသနည်း..? တရုတ်ဝမ်ပေါင်ကုမ္မဏီကိုအလိုမရှိပါက ထိုကုမ္မဏီဝင်ရောက်စဉ်ကမည့်သည့်အတွက်ကြောင့်မတားမြစ်သနည်း..? ဒေသခံတို့သည် ၀မ်ပေါင်ကိုအလိုမရှိခြင်းမဟုတ်၊ လယ်ယာမြေများကို မတရားသောအဓမ္မနည်းဖြင့်အနိုင်ကျင့်ပြီးသိမ်းယူခြင်းနှင့် ပတ်ဝန်းကျင်ပျက်စီးမှု့ကိုဖြစ်ပေါ်စေခြင်းတို့ကိုအလိုမရှိခြင်းမှာသေချာသည်၊ ထိုပြသာနာသည်သာဒေသခံအားလုံးတို့အတွက်ပြသာနာ၏အရင်းခံဖြစ်သည်မှာသေချာသည်မို့ ထိုပြသာနာကိုဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံလူထုအတွက်မှန်ကန်သော၊ကောင်းမွန်သောနည်းလမ်းများဖြင့်ဆုံးရှုံးမှု့မဖြစ်ရလေအောင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သူမှာ
ဒေါ်အောင်ဆန်းစုကြည်သာလျှင်ဖြစ်ပေလိမ့်မည်၊
ထို့ထက်ဆိုရပါမူ........

မြန်မာပြည်သူပြည်သားများအတွက်ကြောက်ရွံ့မှု့မှကင်းဝေးစွာဖြင့်လုံခြုံစိတ်ချစွာလုပ်ကိုင်စားသောက်နိုင်သောဘ၀အခြေအနေအဆင့်အတန်းများကို ဖေါ်ဆောင်နိုင်သူမှာ လည်း“ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြားမရှိ ” ဟု ကျနော်ရိုးသားစွာယုံကြည်မိပါတော့သည်။
ဖီလော်ဆိုဖာမောင်မြသာ. 13.3.2013
FB-Philosophermg Myathar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com