ကိုစိုးနိုင်က ဘယ်ဘက်ခါးမှာ အပစ်ခံလိုက်ရတာ။ အဲဒီ ဒဏ်ရာအတွက် ၃ ခါတောင် ခွဲစိတ်ခံလိုက်ရပေမယ့် ခွဲစိတ်ခန်းက ထွက်လာပြီးတာနဲ့ အဖေ့ကို သားမနေရတော့ပါဘူးလို့ပြောတယ်။ သူ့အခြေအနေကို သူသိတဲ့ အကြောင်းကိုပြောတယ်။ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကိုတောင် ဆူပူမှုတွေမဖြစ်အောင် တာဝန်ယူနိုင်ရင် အသုဘကို ချဖို့ပြောတယ်။ အဲဒါနဲ့ အဖေက တာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်။ ကျုပ်သားလဲ သေတာက သေပြီးပြီ။ ခင်ဗျားတို့ဘာသာ သားကိုဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချလိုက်လဲ ကျုပ် ကျေနပ်တယ်လို့ ပြောလိုက်တယ်။
ကိုစိုးနိုင် အမ
The Irrawaddy (Burmese Version)
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ