http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ပြောကြား

တိုင်းရင်းသားဒေသတွေကို အဓိက အကူညီတွေပေးနေတဲ့ ဂျပန်နိုင်ငံ အခြေစိုက် နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာစာကာဝါက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နီပွန်ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အကူညီတွေ ပေးအပ်ဖို့ရှိတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ အပြန်လှန်ဆွေးနွေးခဲ့တယ်လို့ သိရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကမကထပြုပြီး ဆောင်ရွက်နေတဲ့ ရှမ်း နှင့် ကယား ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ဖို့ နီပွန်ဖောင်ဒေးရှင်း အနေနဲ့လည်း တိုက်တွန်း အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို အထောက်ပံ့ ပေးနေတဲ့ နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ၂၀၁၂ ခုနစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ သန်း (၃၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေ အပါဝင် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့ မနက်ပိုင်း ကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Burma Campaign US အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မစ္စ ဘရိုင်ယန်နာ အိုလစ် Mrs. Brianna Olive ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com