http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြည်မြို့ခံ အချို့ကန့်ကွက်နေသော ဧရာဝတီသောင်ပြင်မှ ဂိုဒေါင်ဆောက်မြေ ယခင်အစိုးရ ဂရန်ချထားပေးခြင်းဖြစ်

ပြည်မြို့ခံ လူ ၅ဝဝ ခန့် လက်မှတ်ရေးထိုး ကန့်ကွက်နေသည့် ဧရာဝတီကမ်းနားသောင်ပြင်၌ မြေဖို့၍ ဂိုဒေါင်ဆောက်လုပ်နေသည့် နေရာမှာ အစိုးရမှ တရားဝင်ဂရန်ချထားပေးခြင်းဖြစ်ကြောင်း မြေပိုင်ရှင်ဖြစ်သူဦးထိုင်ထိုင်က ပြောသည်။

အဆိုပါ ဂရန်ကို ၁၉၉၇-၁၉၉၈ ခုနှစ်ကတည်းက ပိုင်ဆိုင် ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်၌ ဧရာဝတီကမ်းပါး မြစ်ရေတိုက်စား မှုဖြင့်ပြိုကျမသွားစေရန် ကျောက် စီနံရံ ပြုလုပ်သည့် စီမံချက်ပြုလုပ် ခဲ့ပြီး ယင်းကျောက်စီနံရံပြုလုပ်ခြင်း ကို စီးပွားရေး လုပ်ငန်းရှင်များက ပြုလုပ်ပေးခဲ့ရသည့်အပြင် အား ကစားနှင့် ကာယပညာဦးစီးဌာနသို့ ရန်ပုံငွေသွင်းခဲ့ရကြောင်း၊ ယင်းသို့ ပြုလုပ်ပြီးမှအဆိုပါဂရန်အား အစိုး ရမှ ချထားပေးခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

''ကျွန်တော်က အခုကျမှ ဆောက်တာ။ ဂရန်ကျပြီးသားမို့ စည်ပင်ကို ပုံစံတင်တယ်။ စည်ပင် က ဆောက်လုပ်ခွင့် ချပေးတယ်။ ဆိုင်းဘုတ်ထောင်ပြီး တရားဝင် ဆောက်တာပါ''ဟု ၎င်းက ပြော သည်။ ဂိုဒေါင်ဆောက်လုပ်သည့် နေ ရာမှာ ပြည်မြို့ဆံတော်ရပ်ကွက် ကမ်းနားလမ်းဘေးတွင်ဖြစ်ပြီး ဧရာဝတီမြစ် ကမ်းနား သောင်ပြင်အား မြေဖို့ဆောက်လုပ်ခြင်း ဖြစ်သည်။ ယင်းဆောက်လုပ်မှုအပေါ် ပြည်မြို့ခံလူများက ကျေနပ်မှုမရှိဘဲ လူ ၅ဝဝ ကျော်ခန့် ဝိုင်းဝန်းလက် မှတ်ထိုး၍ ကန့်ကွက်စာကို ပြည်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်ထံ ဖေ ဖော်ဝါရီလ၂၆ ရက်၌ ပေးပို့ခဲ့ သည်။ကန့်ကွက်စာ၌ ဧရာဝတီမြစ် သောင်ခုံတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းမှာ ဧရာဝတီမြစ်အ လှအား ပြည်ဖုံးကာူချနိုင်မည့်အ တွက် ခွင့်မပြုနိုင်ကြောင်း ရေးသား ထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က ၎င်းအနေဖြင့် အထက်ပါကိစ္စအတွက် မေးခွန်း ၃ ခုကို ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ မေးမြန်းခဲ့ပြီး သက် ဆိုင်ရာဝန်ကြီးဌာနများ၏ ပြန်လည်ဖြေကြားချက်ကို စောင့်ဆိုင်းနေ သည်ဟု ဆိုသည်။မေးခွန်းများမှာ ကမ်းနား၌ ဆောက်လုပ်နေမှု၌ ဂရန်အား ဥပဒေနှင့်အညီ ချပေးခဲ့ခြင်း ဟုတ်၊ မဟုတ်၊ ကမ်းနားကို ဂရန်ပေးပြီး ဖြစ်သော်လည်း ဥပဒေအရဆောက် လုပ်ခွင့်ရှိ၊ မရှိနှင့် ယင်းသို့ ဆောက် လုပ်နေခြင်းမှာ သဘာဝပတ်ဝန်း ကျင့် ထိန်းသိမ်းရေးဥပဒေနှင့် ညီ၊ မညီတို့ ဖြစ်သည်။

ပြည်မြို့နယ် စည်ပင်သာယာ ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက ယင်းမြေနေရာ ဂရန် အား မြို့နယ်စည်ပင်အနေဖြင့် ချ ထားပေးခြင်း မဟုတ်ကြောင်း၊ ဆောက်လုပ်ခွင့်ကိုမူ စည်ပင်သာ ယာရေးဥပဒေနှင့်အညီ ချထားပေး ခြင်းဖြစ်ကြောင်း ပြောသည်။
သုတလင်း
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com