တရားဝင် စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ကြိုးစားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဲဒီ မြန်မာအကျဉ်းသားတွေ ကိစ္စနဲ့ ပါတ်သက်ပြီး သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်မေးတာကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာန နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် တင်ပြ ထားပြီး အဲဒီ ကမှတဆင့် ထိုင်းတရားရေး ဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန ကနေတဆင့် တော်ဝင်နန်းတော်ကို ဆက်ပြီးတင်ပြဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒီဇင်ဘာ ၅ ရက်မှာကျရောက်တဲ့ ဘုရင့်မွေးနေ့၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မိဘုရားမွေးနေ့ တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ ရှိတာမို့ အဲဒီ အချိန်တွေမှာ လွတ်မြောက်လာအောင် မြန်မာအစိုးရက ကြိုးစားနေတာ ဖြစ်တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။
DVB TV News
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့မြန်မာအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးစား
Labels:
ပြည်ပသတင်း