http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Big Dog စက်ရုပ်ခွေးအား ဝန်စည်စလယ်များ သယ်မ နိုင်မည့် စက်ရုပ် လက်တစ်ချောင်း တပ်ဆင်မည်

လန်ဒန် မတ် ၂
Big Dogဟု အမည်ပေးထားသော ခြေလေးချောင်းပါ စက်ရုပ်ခွေးအား ယခုအခါ လေးလံသော အရာများကို မနိုင်သော စွမ်းအားရှိသည့် စက်လက် တစ်ချောင်းကို ထပ်မံ တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

Boston Dynamics အမေရိကန် စက်ရုပ် ကုမ္ပဏီက ထုတ်လုပ်သော ၎င်းစက်ရုပ်ကို ပင်တဂွန် စစ်ဌာနချုပ်က ထောက်ခံမှု ပေးထားပြီးဖြစ်သည်။

Big Dogဟု ကို အဓိကအားဖြင့် စစ်ဘက် ဆိုင်ရာတွင် အသုံးပြုရန် တီထွင် ထုတ်လုပ် ထားခြင်း ဖြစ်ပြီး ယခု တပ်ဆင်မည့် လက်သည် စစ်သည်များ လေးလံသည့် ဝန်စည် စလယ်များ ကောက်ယူ သယ်ဆောင်ရာတွင် အကူ အညီ ပေးနိုင်မည်ဖြစ်သည်။

သို့သော် အဆိုပါနည်းပညာ၏ စွမ်းပကားသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကဲ့သို့သော အခြား နယ်ပယ်များတွင် အသုံးပြုရန် အတွက်ပါ များစွာအသုံး တည့်ကြောင်း စက်ရုံ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး က ပြောကြား ထားသည်။

၎င်းရုပ်၏ ခြေထောက်များအား ဟိုက်ဒရောလစ် စနစ်ဖြင့် လှုပ်ရှားကာ စက်ရုပ်ခွေးတွင် တပ်ဆင်ထားသည့် အင်ဂျင်အားဖြင့် သွားလာ လှုပ်ရှားနိုင်သည်။ စက်လက်တံကို စက်ရုပ် ခွေး၏ ဦးခေါင်းပိုင်းတွင် တပ်ဆင်ထားပြီး ပစ္စည်းများ ကို ကောက်ယူ၍ စက်ရုပ်ခွေး ကျောကုန်း ပေါ် တင်ဆောင် နိုင်သည်။

စက်ရုပ်ခွေးသည် ဝန်စည်စလယ်များ တင်ဆောင်ပြီး ကြမ်းတမ်းသော မြေမျက်နှာပြင် အမျိုးမျိုးတွင် သွားလာနိုင်ကာ အသံဖြင့် အမိန့်ပေး စေခိုင်းနိုင်သည်။

Boston Dynamics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်သော စက်ရုပ် အမျိုးမျိုးအနက် တစ်ခုအပါ အဝင်ဖြစ်ပြီး ခေါင်းမဲ့ စက်ရုပ် တစ်မျိုးဖြစ်ကာ တစ်နာရီလျှင် ၂၈ ဒသမ ၃ မိုင် သွားနိုင်သည့် အတွက် အမြန်ဆုံး လူသားတစ်ဦး ထက်ပင် ပို၍မြန်ဆန်ကြောင်း သိရသည်။မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com