http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား အဖွဲ့မှ ထုတ်ပယ်



NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို အဖွဲ့အစည်းက အမိန့်ထုတ်ပြန်ကာ အဖွဲ့က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာထားပါတယ်။

ဦးမောင်မောင်ဟာ FTUB ခေါ် အလုပ်သမား အဖွဲ့အစည်းမှာလည်း တာဝန်ယူထားခဲ့သူဖြစ်ပါတယ်။
မြန်မာပြည်သို့ အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ၊ အဖွဲ့အစည်းက မသိဘဲ သွားရောက်ခဲ့တဲ့ အတွက် အဖွဲ့အစည်းရဲ့ စည်းမျည်းစည်းကမ်းများကို ချိုးဖောက်လို့ အခုလို့ NCUB အထွေထွေအတွင်းရေးမှူးအဖြစ်
က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက လက်မှတ်ရေုးထိုး ထုတ်ပြန်ထားပါတယ်။

အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

အမိန့်အမှတ် (၁/၂၀၁၃)

အကြောင်းအရာ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား တာဝန်မှ ထုတ်ပယ်ခြင်း။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သည် အောက်ပါ အချက်အလက်များအရ နိုင်ငံရေးတပ်ပေါင်းစုကြီး၏ စည်းကမ်းများကို ဖေါက်ဖျက်ခဲ့သဖြင့် ယနေ့ (၀၆၊ ၀၂၊ ၂၀၁၃) နေ့မှစ၍ အမျိုးသားကောင်စီ(NCUB) ၏ အထွေထွေအတွင်းရေးမှူးတာဝန်မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်။

(က) ဦးမောင်မောင်သည် မြန်မာပြည်တွင်းသို့ ဝင်ရောက်သွားရာတွင် မည်သူတဦးတယောက်ကိုမျှ အသိပေး အတည်ပြုချက် ရယူခဲ့မှုမရှိခြင်းနှင့် အခြေခံမူများကို ဖေါက်ဖျက်ခြင်း။

(ခ) အမျိုးသားကောင်စီ၏ အဖွဲ့ဝင်အဖွဲ့အစည်းကြီးများ ဖြစ်သော (DAB/NDF/NLD(LA)/MPU) တို့မှ ၎င်း၏ တဦးတည်း သဘောဆန္ဒဖြင့် ၎င်း၏မိခင်အဖွဲ့အစည်း (FTUB) အား ပြည်တွင်းတွင် အခြေပြုလုပ်ဆောင်နေ မှုများ အပေါ် မူအရ မကိုက်ညီတော့သဖြင့် ဆက်လက်၍တပ်ပေါင်းစုခေါင်းဆောင်အဖြစ်မှလည်းကောင်း၊ အဖွဲ့ဝင်အဖြစ် တည်ရှိနေရန် မသင့်တော်သည့်အခြေအနေများကို တင်ပြထားခဲ့ကြခြင်း။

(ဂ) အမေရိကန်ပြည်ထောင်မှ အကူညီပေးထားသော ဒေါ်လာ (၂) သိန်းနီးပါးကိုလည်း NLD(LA) နှင့် အခြားအဖွဲ့ အစည်းများကို ကူညီပေးထားသည့်အကြောင်းပြချက်ဖြင့် စာရင်းရှင်းတမ်း မလုပ်နိုင်ခဲ့ခြင်း။

(ဃ) NCUB အထွေထွေအတွင်းရေးမှူးကာလက ကျန်ရှိနေသည့်အကြွေးကိစ္စများကိုလည်း ရှင်းလင်းမှု မရှိခြင်း။

၂။ ဦးမောင်မောင်သည် အမိန့်စာထုတ်ပြန်သည့်နေ့မှစ၍ အမျိုးသားကောင်စီနှင့် လုံးဝပတ်သက်ခြင်း မရှိတော့သော်လည်း၊ ရှင်းလင်းရမည့်ကိစ္စများကို ရှင်းလင်းပေးရန်နှင့် ရှင်းလင်းပေးခြင်းမရှိပါက ဥပဒေကြောင်းအရ အရေးယူခံရမည် ဆိုသည်ကို သိရှိစေလိုပါသည်။

ညွှန်ကြားချက်အရ (မြင့်သိဏ်း)

တွဲဖက်အတွင်းရေးမှူး အမျိုးသားကောင်စီ (NCUB)

သိသာရန်ဖြန့်ဝေခြင်း

* အတွင်းရေးမှူး (DAB)
* ဥက္ကဌ NLD (LA)
* ဥက္ကဌ (NDF)
* ဥက္ကဌ (MPU)

ဆက်သွယ်ရန်။ ။ ဦးမြင့်သိဏ်း ဖုံး = + ၆၆ (၀) ၈၁ ၉၅၃ ၆၁၁၄
အိမ့်သံစဉ်
Credit: Irrawaddy/ Friday, February 08, 2013

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com