နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအား ကြိုဆိုထောက်ခံပွဲတစ်ခုကို ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုသိမ်၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ဓနုဖြူမြို့အပါဝင် မြို့နယ် ၁ဝ မြို့နယ်က ဒေသခံကရင်တိုင်းရင်းသား ၇ဝဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။
Photo : RFA/Moe Thu Aung —