http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထိုင်းရောက် မြန်မာလုပ်သားများ၏ အိမ်ပြန်ပို့ငွေ တစ်နှစ်ဒေါ်လာ သန်း ၁၀၀၀ ကျော်


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံရှိမိသားစုများထံသို့ ပြန်ပို့ငွေစုစုပေါင်းမှာ တစ်နှစ်လျှင် ဒေါ်လာသန်းတစ်ထောင်ကျော် ငွေလွှဲပေးပို့ကြကြောင်း ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္က သိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ ထက်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေကျပ် တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြသည်။ ထို့အပြင်အလုပ်သမားများ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ကျပ်သုံးသိန်းကျော်ရရှိပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ ကျပ်တစ်သိန်းခွဲအောက် လုပ်ခလစာရရှိကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ တက်ဖို့ဖရားခရိုင်၊ စမူစခွန်ခရိုင်နှင့် ဘန်ကောက်တို့တွင် အများဆုံးနေထိုင်ကြသည်။

သုတေသနစာတမ်း၏ တွက်ချက်မှုမှာ တရားဝင်စာရင်းရှိသော အလုပ်သမားများအပေါ်တွင်သာ စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး တရားမ၀င် အလုပ်သမားအရေအတွက်ပါ တွက်ချက်ပါ က နှစ်စဉ်ငွေလွှဲဖြင့် ပေးပို့ငွေပမာဏမှာ ယခုထက် များစွာပို့နိုင်သည်ဟု အာရှလေ့လာရေးဌာနမှ သုတေသနမှူး ပရမ်ဂျိုင်းဝမ်ဆီရိပန်ဆမ်က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိလာသောကြောင့် အချို့သော မြန်မာရွှေ့ပြောင်းလုပ်သားများသည် နောင်လာမည့် လေး၊ ငါးနှစ်အတွင်း မိခင်နိုင်ငံသို့ ပြန်၍လုပ်ကိုင်ကြလိမ့်မည်ဟု ထိုင်းနိုင်ငံ သုတေသနဖွံ့ဖြိုးရေးတက္ကသိုလ်မှ အလုပ်သမားရေးရာကျွမ်းကျင်သူ YongyuthChalemwong ကထိုင်းသတင်းစာတစ်စောင်အား ပြောကြား ခဲ့သည်။

“ထိုင်းစက်ရုံတွေ ရောက်တဲ့အခါ အလုပ်သင်၊ ပညာသင်ရင်း နိုင်ငံခြားငွေရှာသူတွေလို့ သဘောထားကြပါ။ တစ်ချိန် မိမိတို့နိုင်ငံမှာ ထူထောင်မည့် စက်မှုဇုန်တွေမှာ ကျွမ်းကျင်သူတွေ၊ ဆရာတွေအဖြစ်နဲ့ လုပ်ဆောင်စေချင်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“သုံးလကို ငါးသိန်းလောက် အိမ်ကို သမီးကငွေလွှဲတယ်။ ဟိုမှာ အဆင်ပြေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာပဲ ဒီလောက်ရရင် ဟိုကိုသွားမလုပ်ခိုင်းဘူး”ဟု လှိုင်သာယာမြို့နေ အမျိုးသမီးတစ်ဦး က ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ကိုင်နေသောသူမ၏သမီးနှင့်ပတ်သက်၍ ပြောသည်။

သို့သော် ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်၊ သက်သေခံလက်မှတ်မရှိလျှင် ရဲဖမ်းမည်ကို စိုးရိမ်စရာများရှိနေပြီး မြန်မာများလုပ်ကိုင်သော စက်ရုံများအား မကြာခဏ ၀င်ရောက်ဖမ်းဆီးမှုများလည်း ရှိနေ၍ လုံခြုံမှုမရှိဟု ခံစားရကြောင်း ထိုင်းနိုင်ငံတွင် သုံးနှစ်ကျော် သွားရောက်လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော်ကပြောသည်။

၂၀၀၉ ခုနှစ်မှစတင်၍ ယခုအချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထားမဲ့လုပ်သား ရှစ်သိန်းမှ တစ်သန်းအထိ ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်တွင် တွေ့ဆုံစဉ် အထောက်အထားမဲ့ မြန်မာလုပ်သား တစ်သန်းနီးပါးအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို သုံးလသက်တမ်း တိုးမြှင့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က နှုတ်ကတိပြုခဲ့သည်။7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com