http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ




မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

အင်းဝမြို့ဟောင်း ကူးတို့ဆိပ်နှင့် တောင်တော်ဆိပ်ကမ်းကြား ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ ဧက ၂၀ ကျော်ခန့်ရှိသည့် လယ်မြေစိုက်ခင်းများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေခြင်းဖြစ်ပြီး ၃ ဧကခန့်သာ အရောင်းအ၀ယ်ဖြစ်ရန် ကျန်ရှိတော့ကြောင်း လယ်မြေရောင်းချလိုက်သည့် တောင်သူအချို့ကပြောသည်။

“မိဘလက်ငုတ်လက်ရင်းဆိုတော့ ရောင်းတော့မရောင်းချင်ဘူး။ ဒါပေမဲ့ မရောင်းရင်လည်း မြေပြိုလို့ကုန်မှာ။ ဒါကြောင့် ရောင်းလိုက်ရတာ”ဟု မြေရောင်းချပြီးသူ အင်းဝမြို့ဟောင်း လေဇာရွာမှ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျမှုဒဏ်ကြောင့် တစ်နှစ်လျှင် ဧကထက်ဝက်ခန့် ဆုံးရှုံးနေသောကြောင့် လာရောက်ဝယ်ယူနေစဉ် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ရောင်းချလိုက်သူအချို့ကဆိုသည်။ မြန်မာစကား ရည်မွန်စွာပြောတတ်သော တရုတ်လူမျိုးများ၊ အချို့မှာ မြန်မာစကားမပြောတတ်၍ စကားပြန်ဖြင့် လာရောက်သူများက ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရောင်းချခဲ့သည့် တောင်သူအချို့ကပြောသည်။ ယင်းလယ်မြေများ ရောင်းချလိုက်သဖြင့် ဒေသခံလယ်ကူလီအချို့မှာ အခြားအလုပ်အကိုင်များ ပြောင်းလုပ်လာကြောင်း အင်းဝဒေသခံအချို့ကဆိုသည်။

“အရင်ကတော့ လယ်ထဲဆင်းတယ်။ ခုတော့ လယ်တွေရောင်းပစ်လိုက်ကြတော့ လုပ်စရာအလုပ်မရှိလို့ မြင်းလှည်းတက်မောင်းနေတယ်”ဟု အင်းဝမြို့ဟောင်း ကူးတို့ဆိပ်မှ အသက် ၃၅ ၀န်းကျင် မြင်းလှည်းမောင်းနေသူ အမျိုးသားတစ်ဦးကပြောသည်။

ရောင်းချလိုက်သည့် လယ်ယာမြေများတွင် ပဲထောပတ်၊ ငှက်ပျော၊ ပြောင်းဖူးများ အဓိကစိုက်ပျိုးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အင်းဝမြို့ဟောင်းအနီးရှိ တံတားဦးမြို့တွင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။

ယင်းသတင်းကြောင့် ယမန်နှစ်ကတည်းက တံတားဦးနှင့် အင်းဝမြို့ဟောင်းအတွင်းရှိ လယ်မြေများ အရောင်းအ၀ယ်ဖြစ်ခဲ့ကြသည်။ ယင်းအရောင်းအ၀ယ်ဖြစ်နေသော လယ်မြေနေရာသည် အင်းဝကူးတို့ဆိပ်အနီး ဧရာဝတီမြစ်၊ စစ်ကိုင်းတံတားနှင့် စစ်ကိုင်းတောင်များကို လှမ်းမျှော်ကြည့်ရှုနိုင်သည့် မြင်ကွင်းကောင်းသော နေရာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းပြုလုပ်ရန် ရည်ရွယ်၍ ၀ယ်ခြင်းဖြစ်နိုင်သည်ဟုလည်း အင်းဝဒေသခံအချို့က ခန့်မှန်းကြသည်။
ဓာတ်ပုံ- ညီညီဇော်
7Day News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com