http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆု(၉)ဆု ချီးမြှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်

ရုပ်ရှင်ဆိုင်ရာဆု (၅)ဆုနှင့် ဂီတဆိုင်ရာဆု (၄)ဆု စုစုပေါင်းဆု(၉)ဆုချီးမြှင့်ခဲ့သော ဒေါ် အောင်ဆန်းစု ကြည်ကြီးမှူးကျင်း ပသော ဒုတိယအကြိမ်မြောက် လွတ်လပ်ခြင်းအနုပညာရုပ်ရှင် ပွဲတော်ကို ဇန်န၀ါရီ(၃၁)ရက် ညနေ (၆)နာရီမှစ၍ ရန်ကုန်မြို့၊ ပြည်လမ်း၊ ဒဂုံစင်တာ(၇)လွှာ၌ ကျင်းပခဲ့သည်။
ပထမအကြိမ်ကျင်းပစဉ်က ရုပ်ရှင်ဆိုင်ရာဆုများကိုသာ ချီး မြှင့်ခဲ့သော်လည်း ယခု ဒုတိယ အကြိမ်တွင် ဂီတဆိုင်ရာဆုများ ကိုလည်း တိုးမြှင့်ချီးမြှင့်ပေးခဲ့ရာ ပြိုင်ပွဲများအတွက် နောက်ဆုံး ပေးပို့ရမည့် ဇန်န၀ါရီ(၄)ရက်နေ့ အထိ ပြိုင်ပွဲဝင်ရုပ်ရှင်(၅၅)ကား နှင့် တေးသီချင်း(၁၁၈)ပုဒ် ပေးပို့ ယှဉ်ပြိုင်ခဲ့သည်။ ရုပ်ရှင်(၃၃)ကား ကို စိစစ်ရွေးချယ်ခဲ့ပြီး ဇန်န၀ါရီ (၂၉)(၃၀)ရက်များတွင် တော်ဝင် စင်တာ၌ ပြသခဲ့ပြီး ပရိသတ် အကြိုက် ရုပ်ရှင်များကိုလည်း ရွေးချယ်စေခဲ့သည်။

ရုပ်ရှင်ဆိုင်ရာ အကဲဖြတ် များအဖြစ် ဒါရိုက်တာ ဦးဝင်းဖေ၊ဒါရိုက်တာဦးကြည်စိုးထွန်း၊ ဒေါ် ဆွေဇင် ထိုက်တို့က ဆောင်ရွက် ကြပြီး ဂီတဆိုင်ရာ အကဲဖြတ် များအဖြစ် မြန်မာသံစဉ်တွင် ဦးကေတုဝင်းထွဋ်၊ ဦးရန်ပိုင်စိုး၊ ဦးခင်မောင်ကြီး၊ တက္ကသိုလ်ဒေါ် လဲ့လဲ့တို့ဖြစ်ကြပြီး ခေတ်ပေါ် တေးအတွက် ဆရာမြင့် မိုးအောင်၊ သျှီ၊ ရန်ရန်ချမ်းတို့က ဆောင်ရွက် ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာကို ဒေါ်ထွန်းအိန္ဒြာဗို ကဖတ်ကြားခြင်း၊ NLD နာယက ကြီးများဖြစ်ကြသော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က၀မ်းမြောက်စကား ပြောကြားခြင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီကိုယ်စား ဦးဇာဂနာက ရှင်းလင်းတင်ပြခြင်း၊ ပြိုင်ပွဲဝင် ဆန်ခါတင်သီချင်းများသီဆိုခြင်း၊ ပြိုင်ပွဲဝင်ရုပ်ရှင်ကားများမှဆန်ခါ တင်ရုပ်ရှင်ကားများကို အကျဉ်း ချုံးပြသခြင်းနှင့် ရုပ်ရှင်၊ ဂီတဆိုင် ရာဆုများချီးမြှင့်ခြင်း၊ ဆန်ကာ တင်ရွေးချယ်မှုအဆင့်အထိ ပါဝင်ယှဉ်ပြိုင်နိုင်သော ဂီတနှင့် ရုပ်ရှင်အနုပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်း များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက် ပြီးအခမ်းအနားပြီးဆုံးခဲ့သည်။

ဆုများချီးမြှင့်ရာတွင် ဆန် ခါတင်အဆင့် မှတ်တမ်းရုပ်ရှင် (Documentary) ဇာတ်ကား(၃) ကားအနက်မှ အကောင်းဆုံး ဇာတ်ကားဆုကို ဒေါ်ဆွေဇင် ထိုက်က ကြေညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာရှင်ဒေ၀ီ၏ (The Bright Future)၊ ဆန်ခါတင် အဆင့်ဓာတ်ပုံပညာဖြင့် စုစည်း တင်ဆက်မှု (Photo Essay) ဇာတ်ကား(၃)ကားအနက်မှ အကောင်းဆုံးဇာတ်ကားဆုကို ဒါရိုက်တာဝိုင်းက ကြေညာချီးမြှင့် ခဲ့ရာ ဒါရိုက်တာစိုးဇေယျထွန်း၏ (Dawn of the Nation)၊ ဆန်ခါ တင်အဆင့် ကွန်ပျူတာနည်း ပညာဖြင့် သက်ဝင်လှုပ်ရှားမှု (Animation)ဇာတ်ကား (၃)ကား အနက်မှ အကောင်းဆုံးဇာတ် ကားဆုကို ဒါရိုက်တာကြည်ဖြူ သျှင်က ကြေညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာရဲဝင်း၏ (ရုပ်စုံသဘင်)၊ ဆန်ခါတင်အဆင့် ဇာတ်လမ်း ကို ရုပ်ရှင်(Short Film)ဇာတ် ကား(၅)ကားအနက်မှ အကောင်း ဆုံးဇာတ်လမ်းတိုဇာတ်ကားဆု ကို ဒေါ်ခင်လေးသိမ့်က ကြေညာချီး မြှင့်ခဲ့ရာ ဒါရိုက်တာသုတ(မော် ကွန်း)၏ (မင်္ဂလာပါဒီမိုကရေစီ)၊ ပရိသတ်အကြိုက်ဆုံးဇာတ်ကား ဆု(Audience Choice Award)ကို အကယ်ဒမီထွန်းအိန္ဒြာဗိုက ကြေ ညာချီးမြှင့်ခဲ့ရာ ဒါရိုက်တာထွန်း ထွန်းအေး၏ (ှSpring Hlegu)၊ မြန်မာသံဂီတဆန်ခါတင် (၃) ပုဒ်အနက်မှ အကောင်းဆုံးဆုကို ဒေါ်မာမာအေးကကြေညာချီးမြှင့် ခဲ့ရာ “ရဲလင်းနိုင်(ကျိုက်လတ်)၏ (အကြီးမြတ်ဆုံးဂုဏ်)”သီချင်း၊ ခေတ်ပေါ်သံစဉ်တေးသီချင်းဆုကို အကယ်ဒမီ ဇော်မျိုးထွဋ်က ကြေ ညာချီးမြှင့်ခဲ့ရာ တေးရေးလင်း ထက်၏ “အောင်ဆန်းမျိုးဟေ့ မြန်မာ”သီချင်း၊ံHip Hop တေးဂီ တဆုကို ဂီတမှူးကိုခင်မောင်ကြီး က ကြေညာချီးမြှင့်ခဲ့ရာExtra-T ၏ “ရှင်သန်နေဆဲသူရဲကောင်း” သီချင်း၊ ပရိသတ်အကြိုက်ဆုံး တေးသီချင်းများအနက်မှ ရွှေ အက်ဖ်အမ်မှ ရွေးချယ်ခဲ့ပြီး တော် ၀င်စင်တာ ဦးကိုကိုထွေးက ကြေ ညာချီးမြှင့်ခဲ့ရာ တေးရေးစိန်ညီ ရွှေ(မန်း)၏“ပြည်သူချစ်သော တို့ ဗိုလ်ချုပ်အောင်ဆန်း”သီချင်းတို့ဖြင့် အကောင်းဆုံးဆုများရရှိခဲ့ကြသည်။
“သမိုင်းဆိုတာ မအအောင် သင်ရတာပါလို့ ဒေါက်တာသန်း ထွန်းက ပြောခဲ့ပါတယ်။ အဲဒီလို ပါပဲ။ သမိုင်းကို လူတွေမေ့မသွား အောင်Documentary ကို ရိုက် ရတာပါ”ဟု အကောင်းဆုံးရရှိသူ ဒါရိုက်တာရှင်ဒေ၀ီက ဆိုသည်။ “ပြောင်းလဲလာသော ဒီမိုကရေစီ ခေတ်တွင် မျိုးဆက်သစ်လူငယ် အနုပညာရှင်များပေါ်ထွန်းလာပြီး လွတ်လပ်စွာရိုက်ကူးတင်ပြရုံတင် မက ဂီတဖြင့် လွတ်လပ်စွာ ရေး သားစပ်ဆိုနိုင်ရန် ရည်ရွယ်၍ ယခုပွဲမှာ ဆုများကို ချီးမြှင့်ခဲ့ ကြောင်း ရုပ်ရှင်ပွဲတော်ကျင်းပ ရေးကော်မတီမှ ကြားသိခဲ့ရ သည်။”
မိုးမြင့်ဆွေ
The Hot News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com