ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ်ရှိ မုက္ခမူ ချောင်းကို အင်းဂရန် ရရှိသူ များက တစ်ဖက်ပိတ် ဆည်ဖြင့် ငါးဖမ်း သောကြောင့် ယင်းဒေသ ဝန်းကျင်မှ လယ်ဧက ၂၀,၀၀၀ ကျော် နှစ်စဉ် ရေနစ်မြုပ် ပျက်စီးကြောင်း ယင်းဒေသခံ တောင်သူ များက ပြောကြားသည်။
ညောင်လေးပင် မြို့နယ် ကျေးရွာ ပေါင်း ၁၆ ခုရှိ လယ်မြေ များမှာ ရေကြီးခြင်း ကြောင့် မိုးစပါး ပြန်လည် စိုက်ပျိုး ရသဖြင့် စိုက်ပျိုး စရိတ် ပြန်လည် ပေးဆပ်ရန် ခက်ခဲ ကြောင်း ရေပူကန် ကျေးရွာမှ တောင်သူ ဦးအောင်ပုက ပြောဆိုသည်။
ရေကြီးမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုးက ဝန်ကြီး ဌာနက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေရှင်း ဆွေးနွေးပြီး ဖြစ်ကြောင်း The Voice Weekly သို့ ပြောကြားသည်။
ပဲခူးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနက လာမည့် နှစ်တွင် အင်းလေလံလုပ်ကွက်များ ပေးခြင်း ကို လျှော့ချသွားမည် ဖြစ်ကာ တောင်သူ များ၏ အခက် အခဲကို ဖြေရှင်း ပေးမည် ဖြစ်ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။The Voice Weekly
တစ်ဖက်ပိတ် ဆည်ကြောင့် ညောင်လေးပင် မြို့နယ်ရှိ လယ်ဧက ၂၀,၀၀၀ ကျော် ရေနစ်မြုပ်
Labels:
ပြည်တွင်းသတင်း