http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်


ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်

မနက်ဖြန် ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ဝမ်းသူမောင် အားကစားကွင်မှာ ဒီကနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောက်ခင်းခမ်တို့က ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာလို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်မရရှိခဲ့ပဲ ဒီနှစ်ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ပထမဦးဆုံးအကြိမ် တရားဝင် ပြန်လည်ကျင်းပနိုင်တာဖြစ်ပါတယ်။

မနက်ဖြန် နံနက်ပိုင်း ၈ နာရီမှာ ချင်းအမျိုးသားနေ့ အခမ်းအနားကို စတင်ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရအနေနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ချင်းအမျိုးသားတပ်ဦးက အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာရွှေခါး၊ ဗိုလ်မှူးကြီး ဆော်လမွန်နဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းတို့ တက်ရောက်ကြမယ်လို့ ဦးဗန်ထောင်းက ပြောပါတယ်။

ဒီကနေ့မှာတော့ ချင်းရိုးရာ နာပန်းပွဲ၊ ချင်းအမျိုးသမီး လွန်ဆွဲပွဲတွေနဲ့ တခြားအားကစားတွေလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com