![](//1.bp.blogspot.com/-ZAyj1isf2Yg/URm2r6U1mxI/AAAAAAAAAmI/Qc5lYjrqnrQ/s1600/mmm.jpg)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ အမေနေ့ဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ပထမအကြိမ် အမေနေ့အထိမ်းအမှတ်စာပေ ဟောပြောပွဲကို ဖေဖော်ဝါရီ(၃) ရက် ည(၇)နာရီတွင် ဗန်းမောက် မြို့-မြို့တော်ခန်းမ၌ ကျင်းပရာ ဆရာဦးစောလှိုင်(အင်းတော်)၊ ဆရာဟာဂျူလီ(ကသာ)နှင့် ဆရာဦးမြတ်ခိုင်(လျှပ်တစ်ပြတ်)နှင့် မော်နီတာဂျာနယ် (အယ်ဒီတာ ချုပ်)တို့က အမေ့အကြောင်း၊ အမေ့ကျေးဇူးကောင်းနှင့် စပ် လျဉ်းရာ သုတ၊ ရသ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ အဖြာဖြာကို ဟော ပြောကြရာ ဗန်းမောက်မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများမှ စာပေမြတ်နိုး သူများ လာရောက်ခဲ့ကြပြီး စိတ် ၀င်စားစွာ မှတ်သားနားထောင် ကြကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲ၌ သန်းထွန်း(ပန်းသတင်း)စီစဉ်သော ဗန်းမောက်အမေနေ့ အမှတ်တရ အမေကဗျာပွဲတော်(အမေ့မေတ္တာ တော်ခံစားမှု၊ ယိုစီးမှုခေတ်သစ် အမြင်များ)ကဗျာစာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ရာ ကဗျာစာအုပ် တွင် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မိုးညှင်းမြို့နယ်များ မှ ဒေသခံစာရေးဆရာများ၏ အမေ များစွာကို ဂုဏ်ပြုဦးခိုက်၊ ယုယ ကြင်နာ၊ ဆက်ဆံအရိုအသေပြု ၍ မြန်မာ့စိတ်ရင်းကို ထင်လင်း စွာ ဖော်ပြရေးဖွဲ့သီကုံးစပ်ဆိုထား ကြသော ကဗျာပုဒ်ရေ(၄၃)ပုဒ် ပါရှိကြောင်း သိရှိရသည်။
ကိုမင်း(အင်းတော်)
The Hot News