http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား ကုသခွင့်လိုင်စင် ငါးနှစ်ပိတ်

ရန်ကုန်၊ ဇန်န၀ါရီ-၃၀
လူနာသေဆုံးခဲ့သည့် မှားယွင်းကုသမှုကြောင့် မီဒီယာများတွင် ဖော်ပြခံရပြီး ကုသခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဒုတိယမြောက်ဆရာဝန်ဖြစ်ပါသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား လူနာ၏ ကိုယ်ဝန်စောင့်ရှောက်စဉ်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန် မှားယွင်းမှုများကြောင့် ဆေးဝါးကုသခွင့်လိုင်စင် ငါးနှစ်ပိတ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်ကတည်းက ထိုမှားယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး တစ်ပတ်အ တွင်း သေဆုံးသွားခဲ့ပြီးနောက် လူနာရှင်ဘက်က တိုင်တန်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း ဆေးဝါးကုသခွင့်လိုင်စင် ပိတ်သိမ်းအရေးယူ လိုက်ခြင်းဖြစ်သည်။

“ဥပဒေကြောင်းအရ ဆရာဝန်တစ်ယောက်ကို အရေးယူတယ်။ ဘာကြောင့် အရေးယူတယ်ဆိုတာကို အများပြည်သူကို ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး” ဟု ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်ကမီဒီယာများ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ဖြစ်စဉ်အား နစ်နာသူဘက်မှ လွန်ခဲ့သည့် တစ်နှစ်ကျော်က စာနယ်ဇင်းရှင်းလင်းပွဲများ ပြုလုပ်၍ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးမူဝါဒများကြောင့်ဂျာနယ်တစ်စောင်တွင် သာ ဖော်ပြခဲ့သည်။

ထိုဆရာဝန်အား လိုင်စင်ပိတ်သိမ်းထားသည့် အကြောင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံးစ သည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးထံသို့အကြောင်းကြားထားပြီး ဖြစ်သည့်အတွက် နောက်ထပ်ပြော ကြားရန် မရှိကြောင်း ဆေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။

လိုင်စင်ပိတ်သိမ်းခံရသည့် သားဖွားမီးယပ် ဆရာဝန်အမျိုးသမီးသည် လူနာဖြစ်သူအားကိုယ် ၀န်စောင့်ရှောက် စဉ် ခန့်မှန်းမွေးဖွားရက် တွက်ချက်ရာတွင် မှားယွင်းခြင်း၊ ခွဲစိတ်မွေးဖွားရန် ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ခွဲစိတ်ခြင်း မပြုခင် လူနာအား လုံလောက်သော ရှင်းပြခြင်းမရှိခြင်းနှင့် ခွဲစိတ်မွေးဖွားပြီးနောက် ကလေးနုနေမှန်းသိပြီး လုံလောက်သောကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့် ဆက်ဆံရာတွင် လိုအပ်ချက်များ ရှိနေခြင်းများရှိကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု မြန်မာနိုင်ငံ ဆေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီဖြစ်စဉ်က ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သေချာမသိပါဘူး။ နေရာတိုင်းမှာတော့ဖြစ်နေတယ်။ အဲဒီအတွက် လူနာတွေဘက်ကိုလည်း မနစ်နာအောင်၊ ဒီလိုပြဿနာတွေဖြစ်လာရင် အကြောင်းကြားတိုင်တန်းနိုင်တဲ့နေ ရာမျိုးတွေ လိုအပ်တဲ့အပြင် ဆရာဝန်တွေဘက်ကိုလည်း တရားတပေါင်ဖြစ်လာရင် ကူညီဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေနဲ့ ဘက်မျှအောင်လုပ်ဖို့လို တယ်လို့ထင်တယ်” ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အထွေထွေရောဂါကုဆရာဝန်လည်းဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

၂၀၀၉ ခုနှစ်အတွင်းကလည်း ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အူအတက်ရောင်ရောဂါ မှားယွင်းကုသမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည့်အတွက် ထိုကုသခဲ့သည့် အထူးကု ဆရာဝန်အား လိုင်စင်ပိတ်သိမ်း အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုဖြစ်စဉ်ပြီးနောက် အလားတူ ပြဿနာများ မကြာခဏ ပေါ်ပေါက်လာပြီး အရေးယူတိုင်ကြားမှုများလည်း ရှိလာသည်။

ပြဿနာဖြစ်ပွားမှ အရေးယူခြင်းဖြင့် နှစ်ဦးနှစ်ဖက် ပြဿနာပိုမိုကြီးထွားလာစေသည့်အတွက် ဆရာဝန်များကလည်း ဆရာဝန် ကျင့်ဝတ်အား လိုက်နာရန်နှင့် လူနာဘက်တွင်လည်း အခြေအနေတစ်ခုတွင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများအား သိရှိသည့်အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ဆက်လက်ပြောသည်။7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com