http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင်အကြောင်း ကြားမှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သတင်းရရှိသည်။

ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှင့် အခြားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် တရားမ၀င် တူးဖော်ခိုးထုတ်မှုများ ရှိနေသည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ရှေးဟောင်းပစ္စည်းများအားထိန်းသိမ်းကာကွယ်ရန် ဒေသခံများအားအသိပညာပေး ဟောပြောပွဲများ ပြု လုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာ များတွင် သတိပေးတားမြစ်ချက်များထည့်သွင်းဖော်ပြခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကို လာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်းပစ္စည်းမဟုတ်ဘူးဆိုရင် ယူခွင့်ရှိတယ်။ အဲဒီမှာ မသမာသူတွေက လိမ်လည်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံယဉ်ကျေးမှုဗဟိုကော်မတီဝင် ဒေါက်တာတိုးလှ ကပြောသည်။

၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်း ပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အ ညီ ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com