ယူကရိန်းနိုင်ငံ Donetsk မြို့မှာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံစ် လိဂ်
ပွဲစဉ်ကို အား ပေးဖို့ လာရောက်ကြ တဲ့ ဘောလုံး ပရိသတ်တွေ တင်လာတဲ့ လေယာဉ်
မတော်တဆ ဖြစ်ပြီး Donetsk လေဆိပ်မှာ အရေးပေါ် ဆင်းသက် ရာကနေ
မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးသွားပါတယ်။
လူ ၄၀ ကျော် တင်ဆောင်လာတဲ့ ပြည်တွင်း လေကြောင်း Antonov ရဲ့ AN-24 လေယာ့ဉ်ဟာ Odessa ကနေ Donetsk ကိုပျံသန်းလာခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ဟာ ပြေးလမ်းကို ကျော်သွားပြီး မီးလောင် ခဲ့တာလို့ သိရပါတယ်။ လူပေါင်း ၁၂ ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။
အဲဒီနေ့က ကစားတဲ့ ဂျာဏီအသင်း Borussia Dortmund နဲ့ Shakhtar Donetsk တို့ရဲ့ ပွဲမှာ၊ ပွဲမစခင် သေဆုံးသွားသူတွေ အတွက် ၀မ်းနည်းခြင်း တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။
အဲဒီပွဲဟာ တဘက် ၂ ဂိုးစီနဲ့ သရေ ကျသွားပါတယ်။BBC Burmese