ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉ ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေး ဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာ ချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။
တိုက်မိသည့် အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာ တွင်ပွဲချင်းပြီးသေ ဆုံးခဲ့သည်။ ခရီးသည်တင်ကားပေါ်တွင်ပါလာသည့်ခရီးသည်များ မှာထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို ကား၏ညာဘက်ခြမ်းနင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။ Popular Myanmar News Journal
သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်
ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ဆိုင်ကယ် မျက်နာချင်းဆိုင်တိုက်
Labels:
ပြည်တွင်းသတင်း