http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ လမ်းဘေးဈေးသည်အ ချို့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာမှ ဝန်ထမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းများအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ ပူးပေါင်း၍ သတ်မှတ် ချက်နှင့် မကိုက်ညီသော လမ်းဘေးဈေးသည်များအား လိုက်လံအ
ရေးယူ ရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ညနေ ၃ နာရီကနေ ည ၈ နာရီထိပဲရောင်းရတာ သိတယ်ဒီလို ရောင်းရတဲ့အခါ ဈေးဦးတောင် မပေါက်ကြဘူး။ ဒါပေမယ့် အခု လည်း ၃ နာရီ မထိုးသေးတဲ့ အတွက် ဈေးလည်း မရောင်းဘူး။ နေ ရာလေးဦးထားတဲ့ ဟာကို လူ ၂၀ လောက်က ကျွန်မ ဈေးဘန်းကို သိမ်းသွားတယ်။ သိမ်းတာတောင် ရိုးရိုးတန်းသိမ်းတာ မဟုတ်ဘူး။ ရေခွက်ကို ခွဲသွားတယ်။ ကားပေါ် ပစ္စည်းတွေ ပစ်တင်သွားတယ်။ ကျွန်မရဲ့ အရင်းအနှီးတော့ကုန်ပါပြီ" ဟု ပစ္စည်းများ အသိမ်းခံရသူ လမ်းဘေးဈေးသည် တစ်ဦးက ပြော
သည်။

သတ်မှတ်ချက်နှင့် မညီသော ဈေးသည်များ၏ ပစ္စည်းများကို သိမ်းဆည်းပြီး သက်ဆိုင်ရာ တရားရုံးသို့ အပ်နှံရကြောင်း နှင့် တရားရုံးမှ ဒဏ်ငွေရိုက်ကာ ပစ္စည်းများကို ပြန်လည်ထုတ်ပေးကြောင်းရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ဈေးများဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။

ယနေ့ ဖြစ်ပွားမှုတွင် ပစ္စည်းသိမ်းရာ၌ စည်ပင်ဝန်ထမ်းများက ဆဲဆိုကြိမ်းမောင်းကာ အတင်းလုယူ သိမ်းဆည်းသွားကြောင်းနှင့် အချို့ပစ္စည်းအချို့ကိုလည်း ချိုးဖဲ့ ဖျတ်ဆီးသွားကြောင်း လမ်းဘေးဈေးသည်
ဒေါ် ညွှန့်ညွှန့်လွင်ကပြောသည်။

"သူတို့ ဒီလို လာလုပ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ ပထမနေ့က အဲလိုတော့မဟုတ်ဘူး။ ၃နာရီမထိုးခင်ရောင်း တဲ့ ဈေးသည်တွေ ဆီက ပစ္စည်းတွေကို သိမ်းသွားတာပဲ။ ဘာမှ တော့ ပြသနာ အကြီးအကျယ်မဖြစ်ဘူး။ ဒီနေ့တော့ တော်တော်ဆိုးတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ဦးရွှေပိတောက်ဟု ဆိုသူကလည်း" ဖန်ခွက်ခွဲတာဟာ အရမ်းကိုမိုက်ရမ်းတာဥပဒေမှာ ဖန်ခွက်ခွဲရမယ် ဆိုတာ မပါဘူး။ လမ်းဘေးဈေး သည်တွေရဲ့နောက်မှာ သားသမီးတွေ သက်ကြီးရွယ်အိုတွေရှိတယ်။ မိသားစု ၅ ယောက်
လောက်က မှီခိုနေကြရတာ၊ ဘယ်လိုခံစားရလဲဆိုတာ မစာနာဘူး"ဟုဆိုသည်။

"ဥပဒေ ဆိုတာ တစ်ပြေးညီ ဖြစ်သင့်တယ်။ အားလုံး တစ်ပြေးညီ လုပ်သင့်တယ်။ နောက်ပြီး ကျွန်တော်တို့အတွက် ဈေးရောင်းခွင့်ကို ၈ နာရီ အစား ၁၀နာရီ လိုအပ်တယ်။ ဒါမှ ထမင်းစားရမှာလေ။ ကျနော်တို့အနေနဲ့ သတ်မှတ်ချက်ဥပဒေတွေနဲ့ စည်းကမ်းတစ်ကျ ရောင်းမယ်။ အဲလိုမှ မှားခဲ့ရင် ဥပဒေ
အတိုင်း အရေးယူ" ဘားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ထီးရောင်းနေသူ ဦးသန်းထွန်း က ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆက်လျဉ်းပြီး စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ ဦးအောင်ဇော်မိုးက "စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို စည်းကမ်းထိမ်းသိမ်းတာ" ဟုသာ ဖြေကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွင် ပစ္စည်းများပျတ်ဆီးမှုနှင့် ပက်သက်၍ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

စူးရှ
ဓါတ်ပုံ - စူးရှ










မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com