သက်တမ်းကိုးနှစ်သာ ရှိသေးသည့် အလုံမြို့နယ် ဋ္ဌာနာရပ်ကွက် ဋ္ဌာနာလမ်းမှ ခုနစ်ထပ်တိုက် ကန်ထရိုက်တိုက်ခန်း၏ မြေညီထပ် နောက်ဖက်ခြမ်း အက်ကွဲကျွံကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၀ ရက် နေ့လယ်ပိုင်းမှစတင်၍ ယင်းမြေညီထပ်နေ အခန်းပိုင်ရှင်က အက်ကွဲကျွံကျမှုကို သတိပြုမိခဲ့ပြီး ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် အက်ကွဲကျွံကျမှုမှာ ပိုမိုသိသာလာခဲ့ရာ ဆက်လက်နေထိုင်ရန် စိုးရိမ်မိကြောင်း ယင်းတိုက်ခန်း မြေညီထပ်တွင် နေထိုင်သူ ကိုကျော်သက်ထွန်းက ပြောသည်။
ယင်းတိုက်ခန်းကို မိုးသောက်ကြယ်ဆောက်လုပ်ရေးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်း၍ ၂၀၀၄ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၂၀၀၅ ခုနှစ်တွင် စတင်လူနေထိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
7Day News Journal
ဓာတ်ပုံ- ကျော်ဇင်သန်း
အလုံမြို့နယ်ရှိ ကန်ထရိုက်တိုက် မြေညီထပ်ကွဲအက်ကျွံကျမှုဖြစ်
Labels:
ပြည်တွင်းသတင်း