လက်ပံတောင်း သပိတ်ကို မီးစုန်းဓာတ်ပါ ဗုံးတွေသုံး ဖြိုခွဲ
ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး လက်ပံတောင်း တောင် သပိတ်ကို ရဲက ဖြိုခွဲရာမှာ စစ်တပ်သုံး white phosphorus လို့ခေါ်တဲ့ အဖြူရောင် မီးစုန်းဓာတ်ပါ ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အဲဒီလိုမီးလောင်ဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် သံဃာတော်အများစု အပါအ၀င် သပိတ်ဆင်နွှဲသူတွေဟာ အင်မတန် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်နဲ့ အမေရိကန် အခြေစိုက် တရားရေးအဖွဲ့ တခုတို့ ပူးတွဲထုတ်ပြန်တဲ့ စာမျက်နှာ ၄၂ မျက်နှာပါ အစီရင် ခံစာမှာ အခုလို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ပေါက်ကွဲပြီးသား ဗုံးထောင့် တခုကို လေ့လာ စစ်ဆေးပြီးနောက် တွေ့ရှိချက်တွေ၊ မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဓာတ်ပုံ အထောက်အထားတွေကို အခြေခံကာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာ အစိုးရဘက်ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါ။BBC Burmese
Labels:
ပြည်တွင်းသတင်း