ပဲခူးတိုင်းအတွင်း
စက်မှုဇုန်စီမံကိန်း ၊ ဟံသာဝတီ လေယာဉ်ကွင်းစီမံကိန်းနဲ့ တက္ကသိုလ်မြေ
ဆိုပြီး ရပ်ကွက်ကြီး ၅ ၊ ရပ်ကွက်ကြီး ၈ ၊ ရပ်ကွက်ကြီး ၉ နဲ့ ဘုရားသုံးဆူ ၊
စာကလေးကွင်း ၊
နွားတဲကုန်း ၊ လာဂမို့ အပါအဝင် ကျေးရွာများမှ မြေဧကပေါင်း ၂၃၅၀၀ ကျော် သိမ်းယူထားခဲ့သည်။ ၄င်းတို့အပေါ်လယ်အသိမ်းခံရသည့် လယ်သမားများနှင့် လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုလေးနိုင်ဦးတို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မတ်လ ၁ရက်နေ့ကို
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက လယ်သမားတွေနဲ့
ကျူးကျော်နေ ထိုင်သူတွေကို ဒီမြေနေရာကနေ ဖယ်ရှားပေးဖို့ နှင်စာထုတ်
သတ်မှတ်ထားပြီး အဲဒီနေ့မှာမဖယ်သေးဘူးဆို ရင် တရားစွဲ ဆိုသွားမယ်လို့
ပြောဆိုထားပြီး လယ်သမားများက သူတို့ရဲ့ နစ်နာချက်တွေအပေါ်မှာ လယ် ယာမြေ
အစားထိုးပေးတာမျိုး ဒါမှမဟုတ်နစ်နာကြေးအဖြစ် ဆောင်ရွက်ပေးတာမျိုး
ဖြစ်စေ ချင်နေကြကြောင်း သိရှိရပါသည်။ Burma VJ Media Network