http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၆ ရက်မြောက်နေ့ (၇-၂-၂၀၁၃ ) (ကြာသပတေးနေ့)အား အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း-

(က) ဦးခွန်မောင်သောင်း၊ ပင်လောင်း မဲဆန္ဒနယ်၏ ပင်လောင်းမြို့နယ်၊ တင်းတောင်ကျေးရွာအုပ်စု၊ တင်းတက်ကျေးရွာ၊ အ.ထ.က(ခွဲ)မှ အ.ထ.ကကျောင်းအဖြစ်သို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ခ) ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်၏ အိန္ဒိယနိုင်ငံရှိ ဥတ္တရာပရာဒေ့ခ်ျ ပြည်နယ်၊ သင်္ဂသနဂိုရှိ ယဉ်ကျေးမှုဒေသများ အပါအဝင် အထိမ်း အမှတ် နေရာများအား ဆန္ဒတူနိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်း ၍ ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဦးတင်ဝင်း၊ ကောလင်း မဲဆန္ဒနယ်၏ ကောလင်းမြို့နယ်၊ ယင်းတိုက်အုပ်စု၊ သစ်ဆိမ့်ကုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦအား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးပိုက်လင်း၊ ပလက်ဝမဲဆန္ဒနယ်၏ ပလက်ဝမြို့နယ်၊ သုံးပွင့်ဆိုင် နယ်စပ်ဒေသ၊ ကုလက်ချောင်း (ဒိုးချောင်းဝ)ရွာ၌ ကျေးလက် ကျန်းမာရေး ဌာန(R.H.ဃ) အသစ်ဖွင့်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(င) ဦးသိန်းရီ၊ ထန်းတပင် မဲဆန္ဒနယ်၏ နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဘောလုံးအားကစားကွင်း တည်ဆောက်ရန်နှင့် အားကစားမြှင့်တင်စေရန် မည်သို့ စီမံ ဆောင်ရွက် ထားသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ (၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင် ဆုလုံးဝမရရှိခဲ့သည့် ကစားနည်း (၈)မျိုးအတွက် အောင်နိုင်မှု အလားအလာအခြေအနေနှင့် အခြားသော အားကစား နည်းများကို နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ်ပြိုင်ပွဲများကို မိမိတို့ကွင်း များမှာ ဖိတ်ခေါ် ယှဉ်ပြိုင်မှု အခြေအနေ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ဦးသိန်းအောင်၊ သံဖြူဇရပ် မဲဆန္ဒနယ်က “ နိုင်ငံသားများ၏ မူလအခွင့်အရေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး ” အဆို တင်သွင်းခြင်း။

၇။ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း ဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၈။ “ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ” ထုတ်ပြန် ပြီးစီးမှုအား လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၉။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးတင်ပြခြင်း။
Pyithu Hluttaw - ပြည်သူ့လွှတ်တော်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com