
BBC Burmese
အင်္ဂလန် တိုက်စစ်မှူးဟောင်း အိုဝမ်က ဒီနှစ် ဘောလုံးရာသီ အကုန်မှာ အနားယူ တော့ မှာ ဖြစ်တယ်လို့ တရား ဝင် ကြေညာလိုက်ပါပြီ။
'' အခုလို အနားယူတော့မယ် ဆိုတဲ့ ကျွန်တော် ရဲ့ ရည်ရွယ်ထားချက်ကို ကြေညာရတဲ့ အတွက် အင်မတန်မှ ပီတိဖြစ်ရပါတယ်'' လို့ အိုဝမ်က ပြောကြားပါတယ်။
အသက် ၃၃ နှစ် အရွယ် အိုဝမ်ဟာ နိုင်ငံတကာ ပွဲပေါင်း ၈၉ ပွဲမှာ ဂိုးအရေ အတွက် ၄၀ သွင်းခဲ့သူ ဖြစ်ပြီး၊ သူဟာ လစ်ဗာပူးလ်၊ ရီယဲလ်၊ နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
အခု လောလောဆယ်မှာတော့ စတုတ်ခ် စီးတီး အသင်းမှာ ကစားနေတာပါ။